“နေမာ အသင်းပြောင်းမှာမဟုတ်ဘူးဆိုတဲ့ နေမာရဲ့ အေးဂျင့်”
27 Nov
နေမာ ဟာ ဆော်ဒီကလပ်မှာ ပျော်ရွှင်မှုမရှိတာကြောင့် အသင်းကနေ ထွက်ခွာဖို့ရန် စီစဉ်နေတယ်လို့ဆိုတဲ့ သတင်းဟာ မှန်ကန်မှုမရှိဘူးလို့ နေမာ ရဲ့ အေးဂျင့်ဖြစ်သူက ပြောကြားခဲ့ပါတယ်။ နေမာ က ဆော်ဒီပရိုလိဂ်ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ အယ်လ်ဟီလာအသင်းကို ပြောင်းရွှေ့လာခဲ့ပေမယ့် ဒဏ်ရာပြဿနာများကြောင့် ကာလရှည်အနားယူရမှ ပြန်လည် ကျန်းမာလာခဲ့ပြီ ဖြစ်ပါတယ်။ နေမာ ဟာ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာ ထိပ်တန်းလစာငွေ ရရှိနေပေမယ့် အသင်းမှာ မပျော်မရွှင်ဖြစ်နေတာကြောင့် ဆန်းတို့စ်အသင်း ပြန်လည်ပြောင်းရွှေ့လိုနေတယ်လို့ သတင်းများ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ သတင်းနဲ့ပတ်သက်ပြီး နေမာ၏ အေဂျင့်ဖြစ်သူက အယ်လ်ဟီလာကနေ ထွက်ခွာဖို့ စီစဉ်နေ တယ်ဆိုတဲ့ သတင်းဟာ မဟုတ်မှန်သည့်သတင်းဖြစ်ပြီး နေမာက အယ်လ်ဟီလာအသင်းမှာ ပျော်ရွှင်စွာ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS 004)
27 Nov