“ဒီဘရိုင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ စာချုပ်ကိစ္စ မသေချာမရေရာဖြစ်နေ”

27 Nov

မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမားဒီဘရိုင်းက အသင်းနဲ့အတူ စာချုပ်သစ်ကိစ္စအတွက် အခုအချိန်ထိ ဆွေးနွေးထားတာမျိုး မရှိသေးဘူးလို့ ပြောကြားခဲ့တာကြောင့် သူ့ရဲ့မန်စီးတီးကစားသမားဘဝ အနာဂတ်က မသေမချာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဒီဘရိုင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ စာချုပ်သက်တမ်းက အခုဘောလုံးရာသီ အပြီးမှာ ကုန်ဆုံးမှာဖြစ်ပေမယ့် အခုအချိန်ထိ စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးထားတာမျိုး မရှိသေးပါဘူး။ မန်စီးတီးအသင်းအနေနဲ့ စာချုပ်သစ်ချုပ်ဖို့အတွက် ဆွေးနွေးမှုတွေကို လုပ်ဆောင်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ဒဏ်ရာရခဲ့တာကြောင့် နောက်ဆုတ်ခဲ့ရတယ်လို့ ဒီဘရိုင်းက ပြောကြားခဲ့ပါတယ်။ အခုအချိန်မှာ ဒဏ်ရာကနေ ပြန်ကောင်းလာပြီဖြစ်လို့ မန်စီးတီးအသင်းအတွက် ကစားပေးဖို့ အဆင်သင့်ဖြစ်နေသလို မန်စီးတီးအသင်းဘက်က စာချုပ်သစ်အတွက် ဆွေးနွေးမှု မလုပ်ခဲ့ရင်လည်း အခုဘောလုံးရာသီက အသင်းနဲ့အတူ နောက်ဆုံးနှစ် ဖြစ်လာ လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီဘရိုင်း ဟာ မန်စီးတီးအသင်းကို ၂၀၁၅ ခုနှစ်မှာကတည်းက ပြောင်းရွှေ့ လာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၃၉၁ ပွဲအထိ ကစားပေးထားပါတယ်။ (NVS 004)

27 Nov

ADVERTISE HERE .