“လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်ကို လွှဲချော်ဖွယ်ရှိနေတဲ့ ဗီနီစီးယက်စ်”
27 Novရီးရဲလ်တိုက်စစ်မှူး ဗီနီစီးယက်စ် ဟာ တံကောက်ကြောဒဏ်ရာကြောင့် ယနေ့ နိုဝင်ဘာလ ၂၇ ရက်မှာ ကစားမယ့် လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲကို လွဲချော်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဘရာဇီးတိုက်စစ်မှူး ဗီနီစီးယက်စ်ဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ လီဂါနက်စ်အသင်းနဲ့ လာလီဂါပွဲမှာ ပွဲချိန်ပြည့်ကစားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ ကစားမယ့်ပွဲအတွက် အင်္ဂလန်ကို ထွက်ခွာမယ့် ကစားသမား ၁၉ ဦး စာရင်းကို ရီးရဲလ်အသင်းက ကြေညာခဲ့ရာမှာ ဘယ်ဘက်ခြေထောက် တံကောက်ကြောဒဏ်ရာရနေတဲ့ ဗီနီစီးယက်စ် ကို ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။ ဗီနီစီးယက်စ် ဟာ ဒဏ်ရာကြောင့် အနည်းဆုံး ၃ ပတ်ခန့် အနားယူရဖွယ် ရှိတယ်လို့ သိရပေမယ့် ရီးရဲလ်အသင်းဘက်ကတော့ တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ (NVS 004)
27 Nov