“ဗြိတိန်က ယူကရိန်းသို့ တာဝေးပစ်ဒုံးကျည်များစွာ ပေးပို့ထားဟု ဆို”

27 Nov

ဗြိတိန်နိုင်ငံက ယူကရိန်းနိုင်ငံသို့ တာဝေးပစ်ဒုံးကျည်ဒါဇင်ပေါင်းများစွာကို မကြာသေးမီက ပေးပို့ထား ကြောင်း သတင်းအရင်းအမြစ်များက Bloomberg သတင်းဌာနသို့ ပြောသည်။ ထိုသို့ ဒုံးကျည်များပေးပို့မှုကို တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း ဗြိတိန်၊ အမေရိကန်နှင့် ပြင်သစ်နိုင်ငံတို့က ၎င်းတို့၏ တာဝေးပစ် ဒုံးကျည်များကို ရုရှားနယ်မြေအတွင်းသို့ ပစ်ခတ်ခွင့်မပေးမီကတည်းကပင် ပေးပို့ထားပြီးဖြစ်သည်ဟု အဆိုပါ သတင်းအရင်းအမြစ်များက ပြောထားသည်။ သို့သော် လုံခြုံရေးဆိုင်ရာလိုအပ်ချက်များကြောင့် ဒုံးကျည်များပေးပို့သည့်ရက်နှင့်ပေးပို့ထားသည့် ဒုံးကျည် အရေအတွက်ကိုမူ အတိအကျထုတ်ဖော်ပြောထားခြင်းမရှိကြောင်း Bloomberg သတင်းဌာနက ဆက်လက် ဖော်ပြထားသည်။ Strom Shadow ဒုံးကျည်သည် ကီလိုမီတာ ၂၅၀ ကျော်အထိ ပစ်ခတ်နိုင်သည့် တိကျပဲ့ထိန်း ဒုံးကျည်အမျိုးအစားတစ်မျိုးဖြစ်ကြောင်း RT သတင်းဌာနတွင် ဖော်ပြထားသည်။

27 Nov

ADVERTISE HERE .