“မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲ ကျင်းပမည်”
27 Novမြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲကို လာမည့် ဒီဇင်ဘာလအတွင်း Yangon Convention Center (YCC) မှာ ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးထံမှ သိရပါတယ်။ အဆိုပါ မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရား ကုန်စည်ပြပွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်တို့ တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ Inya Lake Hotel Yangon Convention Center (YCC) တွင် ကျင်းပသွားမည်ဖြစ်ပါတယ်။ မြန်မာ့အထည်အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲ ၂၀၂၄ မှာ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ၊ အသင်းဝင်စက်ရုံများ၊ ကိုရီးယား (KO-GAM)၊ ဟောင်ကောင် (HKMMA) နှင့် အာဆီယံ နိုင်ငံများရဲ့ အထည်အလိပ်နှင့် စက်ယန္တရားများကို ပြသသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာမိတ်ဖက်များအနေနဲ့လည်းပြပွဲမှာ ခင်းကျင်းပြသမယ့် ဒေသတွင်း အထည်အလိပ်နှင့် အထည်ချုပ်စက်ရုံများရဲ့ လုပ်ငန်းစွမ်းဆောင်ရည်နှင့် လက်မှုပညာများကို လေ့လာနိုင်မည်ဖြစ်ပြီး ရိုးရာနည်းပညာ များမှစ၍ ခေတ်မီဆန်းသစ်တီထွင်မှုများထိ Made in Myanmar ထုတ်လုပ်သူများထံမှ အထည်အလိပ် ထုတ်ကုန်ပစ္စည်းများ၊ စက်ပစ္စည်းများကို လေ့လာခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)