“ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေး ပစ္စည်းများပေးပို့"

26 Nov

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကမှာယူတဲ့ ဆန် ၂၄ ပြည်အိတ် ၂,၀၀၀၊ စားသုံးဆီ၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးနှင့်ဆက်စပ် ပစ္စည်းများအပါအဝင် စုစုပေါင်း ၁၇၂ ဒသမ ၃၄၈ တန်ကို နိုဝင်ဘာလ ၂၅ ရက်၊ နံနက်ပိုင်းက ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ရေယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ၂၀၂၃ ခုနှစ်၊ မေ ၁၆ ရက်မှစတင်ပြီး လက်ရှိအချိန်အထိ တပ်မတော် စစ်ရေယာဉ်များ အပါအဝင် ရေယာဉ် ၄၉ စီးဖြင့် ဆောက်လုပ်ရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးနှင့်ကျန်းမာရေးပစ္စည်း၊ လူသုံးကုန်နှင့် စားသောက်ကုန်များပါဝင်တဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းစုစုပေါင်း တန်ချိန် ၇၁,၂၇၁ ဒသမ ၇၈ တန်နှင့် ဒီဇယ်၂၄၉,၇၆၂ ဂါလန်နှင့် Octane 92 ၁၉၉,၈၈၆ ဂါလန်ပို့ဆောင်ပေးထားပြီး ဖြစ်ပါတယ်။ (NVS-004)

26 Nov

ADVERTISE HERE .