ကုန်ဈေးနှုန်းသတင်း ၂၆.၁၁.၂၀၂၄
26 Novအောက်တိုဘာလ ၂၆ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲကြီးဈေးတွေ အနည်းငယ် ကျဆင်းလာပြီး ပဲစင်းငုံနီနဲ့ စားတော်ပဲဈေးတွေကတော့ အနည်းငယ် တက်လာပါ တယ်။ ကြက်သွန်ဖြူ၊ မန်ကျည်းသီးနဲ့ သကြားဈေးတွေ ဈေးငြိမ်နေပေမယ့် ကြက်သွန်နီ၊ ထန်းလျက်နဲ့ အာလူးဈေး တွေကတော့ အနည်းငယ် မြင့်တက်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၁၄,၉၄၂ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၂၇,၄၇၈ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၉၄၀ ကျပ်ကနေ ၅,၉၇၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၂၆,၉၆၄ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၄၁၅ ကျပ်ကနေ ၆,၂၇၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၅၈၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၅၂၀ ကျပ်ကနေ ၁,၅၄၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၅,၃၃၀ ကျပ်ကနေ ၅,၆၇၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၆,၁၄၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၃၁၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၇၅၀ ကျပ်ကနေ ၇,၁၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၁၆၅ ကျပ်ကနေ ၇,၈၃၅ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာ ကို ၇,၁၆၅ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၂,၀၀၀ ကျပ်ကနေ ၄,၃၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၁၂,၀၀၀ ကျပ်ကနေ ၁၅,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၈,၈၀၀ ကျပ်ကနေ ၉,၀၀၀ ကျပ်၊ ပုစွန်ခြောက်(ဖျာပုံပုစွန်) တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၂၈၀,၀၀၀ ကျပ်၊ ငါးကျီးကြပ်တိုက် တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၉၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၇၃ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၉၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၃၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၉၅၅ ကျပ်၊ မန္တလေးမှာ ၃,၀၃၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၁၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၁၅၀ ကျပ်၊ မန္တလေးမှာ ၃,၂၃၀ ကျပ်၊ နေပြည်တော်မှာ ၃,၂၀၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၂၀ ကျပ်၊ မန္တလေးမှာ ၂,၇၀၀ ကျပ်၊ နေပြည်တော်မှာ ၂,၆၇၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၂၅၅ ကျပ်၊ မန္တလေးမှာ ၃,၃၄၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၁၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၄၅၄,၇၄၃/-) ငါးဆယ် လေးသိန်း ငါးသောင်း လေးထောင် ခုနစ်ရာ လေးဆယ် သုံးကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၁၂၀,၀၀၀ိ/-) ခြောက်ဆယ် တစ်သိန်း နှစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။