“ဒေးဗစ်ဖလားချန်ပီယံဆုကို အီတလီအသင်း ဆက်ထိန်း”

26 Nov

ကမ္ဘာ့အဆင့် (၁) တင်းနစ်သမား ဆင်နာ ပါဝင်တဲ့ အီတလီအသင်းဟာ ဒေးဗစ်ဖလားဗိုလ်လုပွဲမှာ နယ်သာလန် အသင်းကိုအနိုင်ယူပြီး ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။ ဆင်နာ က တစ်ဦးချင်းပွဲစဉ်မှာ နယ်သာလန်နိုင်ငံသား ဂရီးစ်ပေါ် ကို ၇-၆၊ ၆-၂ ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့သလို ဆင်နာ ရဲ့ အီတလီအသင်းဖော် ဘာရက်တီနီ ကလည်း နယ်သာလန်နိုင်ငံသား ဇန်ရှပ် ကို ၆-၄၊ ၆-၂ နဲ့ အနိုင်ရခဲ့လို့ ဗိုလ်လုပွဲက အီတလီအတွက် သက်သောင့်သက်သာရှိခဲ့ပါတယ်။ ဆင်နာ အနေနဲ့ကလည်း ၂၀၂၄ ခုနှစ်အတွင်း ဂရင်းစလမ်ချန်ပီယံဆုကို ပထမဆုံးအကြိမ်ရရှိခဲ့သလို အခုရာသီပိတ်မှာလည်း အီတလီအသင်းနဲ့အတူ ဒေးဗစ်ဖလားကိုရခဲ့လို့ အအောင်မြင်ဆုံးနှစ် ဖြစ်ခဲ့ပါတယ်။ အီတလီ အသင်းနဲ့ ယှဉ်ပြိုင်ရချိန်မှာ ကြုံတွေ့ရတဲ့ဖိအားက ပိုမိုကြီးမားပေမယ့် အကောင်းဆုံးကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တဲ့ အတွက် ပျော်ရွှင်ပါတယ်လို့ ဆင်နာ က ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကလည်း အီတလီအမျိုးသမီးတင်းနစ်အသင်းက အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲဖြစ်တဲ့ Billie Jean King ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူထားနိုင်ခဲ့ပါတယ်။ (NVS 008)

26 Nov

ADVERTISE HERE .