“ဘရက်စ်အသင်းနဲ့ ပွဲစဉ်မှာ ဘလိတ်နဲ့ ယာမယ်တို့ ပါဝင်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ နည်းပြ ဖလစ်”

26 Nov

ဘာစီလိုနာအသင်းနည်းပြ ဖလစ် က လာမယ့် နိုဝင်ဘာလ ၂၇ ရက်မှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းရဲ့ နောက်ခံကစားသမား ဘလိတ်နှင့် လူငယ်ကစားသမား ယာမယ် တို့ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ ပါတယ်။ နိုဝင်ဘာလ ၂၇ ရက်မှာ ယှဉ်ပြိုင်ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘာစီလိုနာအသင်းက အိမ်ကွင်းမှာ ဘရက်စ် အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဘလိတ်နှင့် ယာမယ်တို့ဟာ ပြီးခဲ့တဲ့ ဆီဗီလာအသင်းနှင့်ပွဲမှာ ဘလိတ် က ပေါင်ကြွက်သား ဒဏ်ရာရရှိခဲ့သလို ယာမယ် ကလည်း ဆိုဆီဒက်အသင်းနဲ့ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ ဖလစ် က ဘလိတ်နှင့် ယာမယ် တို့ဟာ ဒဏ်ရာကနေ သက်သာလာကြပြီဖြစ်ပေမယ့် ကြံ့ခိုင်မှု အားနည်းနေသေးတာကြောင့် အဆိုပါပွဲစဉ်မှာ ထည့်သွင်းအသုံးပြုသွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ (NVS 008)

26 Nov

ADVERTISE HERE .