“လက်ရှိဘောလုံးရာသီမှာ ပြိုင်ပွဲစုံ၌ အမြန်ဆုံးသွင်းဂိုးရရှိခဲ့တဲ့ မန်ယူအသင်း”
26 Novအစ်ဝှစ်အသင်းနဲ့ မန်ယူအသင်းတို့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် က မန်ယူအသင်း အတွက် ပွဲကစားချိန် ၈၁ စက္ကန့်တွင် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့လို့ ယခုနှစ်ဘောလုံးရာသီ ပြိုင်ပွဲစုံမှာ အမြန်ဆုံးသွင်းဂိုး ရရှိခဲ့ကြောင်း သိရပါတယ်။ မန်ယူအသင်းက ယခုနှစ်ဘောလုံးရာသီပြိုင်ပွဲစုံ ၁၉ ပွဲမှာ သွင်းဂိုး ၃၃ ဂိုး သွင်းယူနိုင်ခဲ့သော်လည်း အဆိုပါပွဲစဉ်မှသာ ပွဲကစားချိန် ၈၁ စက္ကန့်အတွင်း ဂိုးရရှိခဲ့သောကြောင့် အမြန်ဆုံးသွင်းဂိုးဖြစ်လာခဲ့ပါတယ်။ အဆိုပါဂိုးကို သွင်းယူခဲ့သည့် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် သည်လည်း ကစားသမားဘဝတွင် ၂၀၁၆ ခုနှစ်နောက်ပိုင်းမှသာ ပွဲကစားချိန် နှစ်မိနစ်အတွင်း ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် အနေနဲ့ မန်ယူအသင်းနဲ့ ကစားခဲ့တဲ့ သက်တမ်းတစ်လျှောက် နည်းပြ ဆိုးရှားလ် လက်ထက်မှာသာ ပွဲချိန်သုံးမိနစ်အတွင်း ဂိုးသွင်းယူနိုင်ခဲ့ပြီး ယခုသွင်းဂိုးက ၎င်းရဲ့ ကစားသမားဘဝအတွက် အမြန်ဆုံး သွင်းဂိုး ဖြစ်လာခဲ့ပါတယ်။ (NVS 008)