“ရုရှားနိုင်ငံမှလှူဒါန်းတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်း တန်ချိန် ၃၅ တန်ခန့်ရောက်ရှိလာ”
26 Novမြန်မာနိုင်ငံမှာ စက်တင်ဘာလအတွင်းကဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရခြင်းများ အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ အသုံးပြုနိုင်ရန် ရုရှားနိုင်ငံမှလှူဒါန်းတဲ့ လူသားချင်း စာနာထောက်ထားမှုအကူအညီပစ္စည်းတန်ချိန် ၃၅ တန်ခန့်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါပစ္စည်းများကို ရုရှားနိုင်ငံမှသယ်ယူပို့ ဆောင်ရေးလေယာဉ်ဖြင့်ပေးပို့ရာ နိုဝင်ဘာလ ၂၄ ရက် နံနက်ပိုင်းက နေပြည်တော်လေဆိပ်သို့ရောက်ရှိလာခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ မြန်မာ-ရုရှား ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ ဦးအောင်သော်၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr. Iskander Azizov တို့ တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများလှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရုရှားသံ အမတ်ကြီးနှင့် ရုရှားနိုင်ငံမှ အလှူရှင်အဖွဲ့အစည်းများကိုယ်စား တာဝန်ရှိသူတစ်ဦးတို့က ရှင်းလင်းပြောကြားကာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါတယ်။ (NVS 003)