“စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ငွေကျပ် ၂၆၀ ကျော်ထပ်တက်လာပြီး တစ်ပိဿာ ၇,၃၀၀ နီးပါးအထိဖြစ်လာ”

26 Nov

ယခုတစ်ပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့တဲ့ နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်း ဖြစ်ပေါ်မှုများ အရ ‌နိုဝင်ဘာလ ၂၆ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၇,၂၈၀ ကျပ်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဆိုပါဈေးနှုန်းက ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့တဲ့ နိုင်ငံများ၌ ဖြစ်ပေါ်နေသော ဈေးကွက်နှင့် ဈေးနှုန်း များအရ သတ်မှတ်ထားခြင်းဖြစ်ပြီး ယခင်တစ်ပတ်ကရည်ညွှန်းဈေးနှုန်းမှာ ၇,၀၁၅ ကျပ် ဖြစ်ခဲ့တာကြောင့် ယခုတစ်ပတ်တွင် ၂၆၅ ကျပ် အထိထပ်မံမြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ စားအုန်းဆီများကို ပြည်တွင်း ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်းအပါအဝင် မသမာတဲ့လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားပါတယ်။ (NVS 003)

26 Nov

ADVERTISE HERE .