ရလဒ်ပိုင်းတိုးတက်မှုမရှိပါက နည်းပြ အန်ဆယ်လော့တီ ကို ထုတ်ပယ်ရန် ရီးရဲလ်အသင်းဆုံးဖြတ်

25 Nov

ရီးရဲလ်အသင်းက အယ်ကလက်စီကိုပွဲစဉ်မှာ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အေစီမီလန်အသင်း တို့ကို ဂိုးပြတ်ရှုံးနိမ်ခဲ့တာကြောင့် အသင်းတာဝန်ရှိသူများက လာမည့်ပွဲစဉ်များတွင် ရလဒ်ပိုင်းတိုးတက်မှုမရှိပါက အသင်းနည်းပြ အန်ဆယ်လော့တီ ကို ရာထူးမှထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ အိုဆာဆူနာအသင်းနဲ့ပွဲစဉ်မှာ လေးဂိုးပြတ်အနိုင်ရခဲ့ပေမယ့် မဟာပြိုင်ဘက်ဘာစီလိုနာအသင်းနဲ့ အေစီမီလန်အသင်းတို့ကို ရှုံးနိမ့်ခဲ့တာကြောင့် အသင်းဥက္ကဋ္ဌ ပီရက်ဇ် က နည်းပြ အန်ဆယ်လော့တီ ရဲ့ စွမ်းဆောင်ရည်များအပေါ် စိတ်ပျက်ခဲ့ပြီး ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးချိန်မှာ ရလဒ်ပိုင်း တိုးတက်မှုမရှိပါက နည်းပြ အန်ဆယ်လော့တီ ကိုထုတ်ပယ်ကာ အသင်းရဲ့အားကစားဒါရိုက်တာ ဆိုလာရီ နဲ့ အစားထိုး သွားမှာဖြစ်ပါတယ်။ နည်းပြ အန်ဆယ်လော့တီ အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ အကောင်းဆုံးနည်းပြဆု နှစ်ကြိမ်ဆွတ်ခူး ခဲ့သူဖြစ်ပြီး အသင်းကို ချန်ပီယံလိဂ်ဖလားသုံးကြိမ်၊ ဖီဖာကလပ်ကမ္ဘာ့ဖလားနှစ်ကြိမ်၊ လာလီဂါဖလားနှစ်ကြိမ်၊ ယူအီးအက်ဖ်အေဖလားသုံးကြိမ်၊ ကိုပါဒယ်ရေးဖလားနှစ်ကြိမ်၊ စပိန်စူပါဖလားနှစ်ကြိမ် ရယူပေးနိုင်ခဲ့တာကြောင့် ပရိသတ်များရဲ့ အားပေးထောက်ခံမှုကို ရရှိထားသူဖြစ်ပါတယ်။(NVS 008)

25 Nov

ADVERTISE HERE .