ကလပ်အသင်းတစ်သင်းတွင် ပွဲ ၇၀၀ ပြည့်သည့် နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ နည်းပြ ဆီမြွန်နီ
25 Novအက်သလက်တီကိုအသင်းက အလာဗက်အသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရခဲ့သည့် လာလီဂါအမှတ်ပေး ပြိုင်ပွဲအပြီးမှာ နည်းပြ ဆီမြွန်နီ က အသင်းနဲ့အတူ ပြိုင်ပွဲစုံ ပွဲပေါင်း ၇၀၀ ပြည့်မြောက်ခဲ့လို့ လာလီဂါသမိုင်းမှာ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ နည်းပြ ဆီမြွန်နီ ဟာ အက်သလက်တီကိုအသင်းကို ၂၀၁၁ ခုနှစ်မှာ စတင်တာဝန်ယူခဲ့ပြီး လက်ရှိတွင် နည်းပြကာလ ၁၃ နှစ်သက်တမ်းကို ရောက်ရှိခဲ့ကာ စပိန်ထိပ်သီးကလပ်တွင် သက်တမ်းအကြာဆုံး နည်းပြတစ်ဦး အဖြစ် ရပ်တည်နိုင်ခဲ့ပြီး အလာဗက်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ပွဲစဉ် ၇၀၀ ပြည့်မြောက်ခဲ့သည့် မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ပွဲပေါင်း ၇၀၀ ပြည့်သည့်မှတ်တမ်း ရေးထိုးနိုင်ခဲ့တဲ့အပြင် ၂၀၁၄ နဲ့ ၂၀၂၁ ခုနှစ်တို့မှာ လာလီဂါဆုဖလားကို ရယူနိုင်ခဲ့ပြီး လက်ရှိတွင် အက်သလက်တီကိုအသင်းနဲ့ နှစ်နှစ်စာချုပ်သက်တမ်း ကျန်ရှိနေပါတယ်။(NVS 008)