တိုက်စစ်မှူး ဟာလန်းကို ပေါင်သန်း ၁၀၀ ဖြင့် ၅ နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် မန်စီးတီးအသင်းစီစဉ်

25 Nov

မန်စီးတီးအသင်းက နော်ဝေတိုက်စစ်မှူး ဟာလန်း ကို လာမည့် ၅ နှစ်အတွက် ပေါင်သန်း ၁၀၀ ဖြင့် သက်တမ်းတိုးရန် စီစဉ်နေကြောင်း သိရပါတယ်။ မန်စီးတီးအသင်းက ဟာလန်း ကို ၂၀၂၂ နွေရာသီမှာ ဒေါ့မွန်အသင်းထံမှ ခေါ်ယူခဲ့ပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဟာလန်း အနေနဲ့ မန်စီးတီးအသင်းမှာ အကောင်းဆုံးခြေစွမ်းပြနေပြီး လက်ရှိ အချိန်မှာ လာလီဂါထိပ်သီးအသင်းများဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာအသင်းတို့က ခေါ်ယူရန် ပစ်မှတ်ထား နေပါတယ်။ ဟာလန်း ကလည်း လာလီဂါသို့ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေတာကြောင့် မန်စီးတီးအသင်းက သက်တမ်းတိုးစာချုပ်ချုပ်ဆို၍ ထိန်းသိမ်းထားရန် ရည်ရွယ်နေတာဖြစ်ပါတယ်။ မန်စီးတီးအသင်းက နည်းပြ ဂွါဒီယိုလာ ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပြီးနောက် တိုက်စစ်မှူး ဟာလန်း အား နှစ်ရှည်သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းနေကြောင်းလည်း သိရပါတယ်။(NVS 008)

25 Nov

ADVERTISE HERE .