၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၁၈၃၂ တွဲ ရောင်းချနိုင်ခဲ့

25 Nov

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ ၁၈ မှ ၂၇ ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပနေပြီး ပြပွဲတွင် အုပ်စု(အေ၊ ဘီ၊ စီ)တို့မှ ကျောက်စိမ်းအတွဲပေါင်း ၄၈၀၀ ကို နေ့ရက်အလိုက် ပြည်တွင်းပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချက်ပေးလျက်ရှိကြောင်း သိရပါတယ်။ ပြပွဲအဋ္ဌမနေ့အတွက် အုပ်စု(အေနှင့်ဘီ)တို့မှ ကျောက်စိမ်းအတွဲပေါင်း ၂၅၅၉ အနက်မှ ကျောက်စိမ်းအတွဲပေါင်း ၁၈၂၃ တွဲကို ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို MSME လုပ်ငန်းရှင်များအား အားပေးမြှင့်တင်ရန်ရည်ရွယ်၍ ရောင်းချပေးခြင်းဖြစ်ကာ ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိပြီး ကြမ်းခင်းဈေးကို ကျပ်ငွေဖြင့် သတ်မှတ်ထားကာ ငွေပေးချေရာတွင် ကျပ်ငွေဖြင့်သာ ပေးချေဝယ်ယူရမှာဖြစ်ကြောင်း သိရပါတယ်။(NVS 003)

25 Nov

ADVERTISE HERE .