ဂျိုးဘိုင်ဒင် က လက်ကျန်သမ္မတသက်တမ်းကာလအတွင်း ယူကရိန်းကို လက်နက်များပိုမိုတိုးမြှင့်ထောက်ပံ့ရန် ကြိုးစားနေ

25 Nov

လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် သည် ရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ဒေါ်နယ်ထရမ့် မတက်လာမီ ၎င်း၏လက်ကျန်သမ္မတသက်တမ်းကာလအတွင်း ယူကရိန်းကို လက်နက်များဆထက်တိုး၍ ပိုမိုထောက်ပံ့ရန် ကြိုးစားနေကြောင်း Bloomberg သတင်းဌာနက ဖော်ပြထားသည်။ တစ်ချိန်တည်းမှာပင် ဂျိုးဘိုင်ဒင်အစိုးရ၏ လက်ရှိနည်းလမ်းများမှာ အကန့်အသတ်ရှိနေကြောင်း၊ ယူကရိန်း အပေါ် စစ်လက်နက်ပစ္စည်းများအတွက် ထောက်ပံ့ပေးနိုင်သည့် ပမာဏမှာလည်း များစွာမကျန်တော့ကြောင်း သို့မဟုတ်ဘဲ ထောက်ပံ့မှုများကို အတင်းလုပ်ဆောင်ပါက အမေရိကန်၏ ကာကွယ်ရေးစွမ်းရည်ကိုပင် ထိခိုက် စေမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။ ထို့အတူ ယူကရိန်းကို NATO တပ်ဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်ဖိတ်ခေါ်ရေးအတွက် ပြည်သူများ၏ တောင်းဆိုချက်ရရှိအောင်ဆောင်ရွက်ရန် စဉ်းစားသေးသော်လည်း အောင်မြင်နိုင်ခြေမရှိသောကြောင့် ယူကရိန်း အစိုးရနှင့် လုံခြုံရေးနယ်ပယ်တွင် နှစ်နိုင်ငံကြားသဘောတူညီမှုများ ရရှိစေရေးလုပ်ဆောင်ရန် စဉ်းစားနေကြောင်း သတင်းဌာန၏ ဖော်ပြချက်တွင်တွေ့ရသည်။ အမေရိကန်က ယူကရိန်းသို့စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးရုံသာမက ရုရှားနယ်မြေကို တိုက်ခိုက် ရာတွင် ထိုစစ်လက်နက်များကို အသုံးပြုခွင့်ပေးခြင်းက ရုရှား-ယူကရိန်းပဋိပက္ခ၌ တိုက်ရိုက်ပါဝင်ပတ်သက်လာသည့် သဘောကိုဆောင်နေသောကြောင့် ဂျိုးဘိုင်ဒင်အစိုးရ၏ ယူကရိန်းနှင့်ပတ်သက်သမျှသော လုပ်ဆောင်ချက်မှန်သမျှ သည် တင်းမာမှုများကိုသာ မြင့်တက်လာစေကြောင်း သိရသည်။

25 Nov

ADVERTISE HERE .