တန်ဆောင်တိုင်ပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ ခရီးသွား ၁၀,၀၀၀ နီးပါးလာရောက်လည်ပတ်

24 Nov

၂၀၂၄ ခုနှစ် တန်ဆောင်တိုင်ပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း/ပြည်ပခရီးသွား ၉,၆၀၀ ကျော်ဝင်ရောက်ခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ငွေဆောင်ရုံးခွဲထံမှ သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းကျွတ်ပိတ်ရက်ကာလမှာ ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည် ၁၅,၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ပြီး တန်ဆောင်တိုင်ကာလမှာ လာရောက်လည်ပတ်သူ အနည်းငယ်လျော့ကျ ခဲ့ပါတယ်။ ခရီးသွားများအနေနဲ့ ငွေဆောင်ကမ်းခြေတွင် အမှတ်တရပစ္စည်းအရောင်းဆိုင်များ ငွေဆောင်ဒေသအတွင်း အထင်ကရနေရာများဖြစ်တဲ့ မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူများကျွန်း၊ ဘုရားသုံးဆူနှင့် မိုးမခဆင်စခန်းသို့ သွားရောက်လည်ပတ်၍ အပန်းဖြေနိုင်ပြီး MAI အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းမှလည်း ရန်ကုန်-ချောင်းသာ ခရီးစဉ်ကို ပြေးဆွဲပေးနေတဲ့အတွက် လေယာဉ်ဖြင့် လာရောက်မှုများလည်းရှိကြောင်း သိရပါတယ်။ (NVS 003)

24 Nov

ADVERTISE HERE .