ရီးရဲလ်မက်ဒရစ်အသင်း နည်းပြသစ်ဖြစ်လာရန် အလွန်ဆို နီးစပ်

23 Nov

လာမည့်နွေရာသီ၌ လေဗာကူဆင်အသင်းနှင့်လမ်းခွဲရန် စီစဉ်နေသည့် နည်းပြ အလွန်ဆို ဟာ ရီးရဲလ်မက်ဒရစ် အသင်း နည်းပြသစ်ဖြစ်လာရန် နီးစပ်နေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ပါတယ်။ အလွန်ဆို အနေနဲ့ ပြီးခဲ့သည့်ရာသီမှာ လေဗာကူဆင်အသင်းကို ဘွန်ဒက်စ်လီဂါချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး အဆိုပါအောင်မြင်မှုမရရှိမီကတည်းကပင် ထိပ်တန်းအသင်းများစွာရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရသူဖြစ်ပါတယ်။ အထူးသဖြင့် ၎င်း၏ ကစားသမားဘဝ အသင်းဟောင်းများဖြစ်တဲ့ လီဗာပူးလ်၊ ရီးရဲလ်မက်ဒရစ်နှင့် ဘိုင်ယန်မြူးနစ်တို့က ၎င်းကိုနည်းပြအဖြစ်ခန့်အပ်ရန် စိတ်ဝင်စားနေကြောင်း သတင်းတွေထွက်ခဲ့ပါတယ်။ သို့သော် အလွန်ဆို အနေနဲ့ လေဗာကူဆင်အသင်းနှင့် ဆက်လက်လက်တွဲရန်သာဆုံးဖြတ်ခဲ့ပြီး ၂၀၂၆ ခုနှစ်ထိ သက်တမ်းတိုး စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ သို့ရာတွင် လက်ရှိအချိန်၌ လေဗာကူဆင်အသင်းနှင့် စာချုပ်သက်တမ်းမပြည့်မီ လမ်းခွဲရန်စီစဉ်နေပြီ ဖြစ်ကြောင်း စပိန်မီဒီယာများက ဖော်ပြလာခဲ့ပြီး ၎င်းကိုခေါ်ယူရန် စိတ်ဝင်စားနေသည့် အသင်းဟောင်းသုံးသင်း အနက် ရီးရဲလ်အသင်းသို့ရောက်ရှိရန် အလားအလာများနေကြောင်း သုံးသပ်ချက်များ ထွက်ပေါ်နေပါတယ်။(NVS 008)

23 Nov

ADVERTISE HERE .