Naypyitaw State Academy တွင် အားကစားပညာမဟာဌာနနှင့် လူမှုရေးပညာမဟာဌာနတို့ကို ဖွင့်လှစ်

23 Nov

Naypyitaw State Academy တွင် အားကစားပညာမဟာဌာနနှင့် လူမှုရေးပညာမဟာဌာန တို့ကို နိုဝင်ဘာလ ၂၂ ရက် မွန်းလွဲပိုင်းတွင် ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တို့ တက်ရောက်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ပါတယ်။ Naypyitaw State Academy ကို ဖွင့်လှစ်ရခြင်းမှာ ပညာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းမှုဖြင့် လူမှုရေးပညာမဟာဌာနကို ဖွဲ့စည်းတည်ထောင်ပြီး မြန်မာ နိုင်ငံတွင် လူမှုရေးအရကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများနှင့်ပတ်သက်သည့် လူမှုရေးရာကိစ္စရပ်များကို လူမှုဝန်ထမ်း နည်းစနစ်များနှင့် စနစ်တကျစီမံဆောင်ရွက်နိုင်သည့် လူမှုပညာရေးဘွဲ့ရပညာတတ်များကို ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ပညာရေးဝန်ကြီးဌာနက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး နိုင်ငံစီးပွား ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါသော ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းနှင့် အခြား ဝန်ဆောင်မှုလုပ်ငန်းများ၊ ယင်းနှင့်ဆက်စပ်လျက်ရှိသော အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း များတွင် အဓိကကျသော လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ခရီးသွား လုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု စီမံခန့်ခွဲမှုပညာဘွဲ့ကြိုသင်တန်းများကိုလည်း ယခုပညာသင်နှစ်တွင် စတင်ဖွင့်လှစ် နိုင်ခဲ့ပြီး၊ ယခုပညာသင်နှစ်တွင် Naypyitaw State Academy ၌ ဘွဲ့လွန်မဟာသင်တန်းများကိုလည်း စတင်ဖွင့်လှစ် သင်ကြားပေးနေပြီဖြစ်၍ Naypyitaw State Academy တွင် ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း ၁,၅၀၀ ဝန်းကျင်ခန့်ကို လက်ခံသင်ကြားပေးလျက်ရှိကြောင်း သိရပါတယ်။(NVS 003)

23 Nov

ADVERTISE HERE .