ကုန်ဈေးနှုန်းသတင်း ၂၂.၁၁.၂၀၂၄
22 Novအောက်တိုဘာလ ၂၂ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းလာပေမယ့် ပြောင်းဆန်နဲ့ ပဲအများစုဈေးတွေကတော့ ဈေးငြိမ်နေပါ တယ်။ ကြက်သွန်နီ၊ ထန်းလျက်နဲ့ အာလူးဈေးတွေ အနည်းငယ် ကျဆင်းလာပြီး ကြက်သွန်ဖြူနဲ့ မန်ကျည်းသီးဈေးတွေ ကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၁၅,၀၇၁ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၂၇,၆၀၇ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၉၃၀ ကျပ်ကနေ ၅,၉၇၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၂၆,၉၄၆ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၄၁၅ ကျပ်ကနေ ၆,၂၇၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၅၂၀ ကျပ်ကနေ ၁,၅၄၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၅,၃၃၀ ကျပ်ကနေ ၅,၆၇၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၆,၁၄၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၄၉၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၇၅၀ ကျပ်ကနေ ၇,၁၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၁၆၅ ကျပ်ကနေ ၇,၇၅၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၇,၃၃၀ ကျပ်ကနေ ၇,၅၈၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၉၀၀ ကျပ်ကနေ ၄,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၁၂,၀၀၀ ကျပ်ကနေ ၁၅,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၂၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၆,၅၀၀ ကျပ်ကနေ ၉,၂၀၀ ကျပ်၊ ပုစွန်ခြောက်(ရခိုင်ရွှေပုစွန်) တစ်ပိဿာကို ၁၂၀,၀၀၀ ကျပ်ကနေ ၂၀၀,၀၀၀ ကျပ်၊ ငါးရွှေ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်ကနေ ၂၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၇၃ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၀၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၅၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၉၅၅ ကျပ်၊ မန္တလေးမှာ ၃,၀၃၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၁၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၁၅၀ ကျပ်၊ မန္တလေးမှာ ၃,၂၃၀ ကျပ်၊ နေပြည်တော်မှာ ၃,၂၀၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၂၀ ကျပ်၊ မန္တလေးမှာ ၂,၇၀၀ ကျပ်၊ နေပြည်တော်မှာ ၂,၆၇၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၂၅၅ ကျပ်၊ မန္တလေးမှာ ၃,၃၄၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၁၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၄၁၂,၀၈၁/-) ငါးဆယ် လေးသိန်း တစ်သောင်း နှစ်ထောင် ရှစ်ဆယ် တစ် ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၂၅၀,၀၀၀ိ/-) ခြောက်ဆယ် နှစ်သိန်း ငါးသောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။