“တောင်ဝိုင်းတောင်တက် လမ်းလျှောက်ရာသီ ဒီဇင်ဘာလ ၁ ရက်တွင် စတင်မည်”
22 Novဘုရားဖူးရင်း တိမ်ပင်လယ်ကြည့်နိုင်မည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တောင်ဝိုင်းတောင်တက် လမ်းလျှောက် ရာသီကို ဒီဇင်ဘာလ ၁ ရက်၊ နံနက်ပိုင်းမှ စတင်မည်ဖြစ်ကြောင်း သာသနာနွယ်ဖောင်ဒေးရှင်းမှ သိရပါတယ်။ ဒီဇင်ဘာလ၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ သုံးလကို တောင်တက်လမ်းလျှောက်ရာသီအဖြစ် သတ်မှတ်ထားပြီး တောင်တက်လမ်းလျှောက်သူများအတွက် ဒီဇင်ဘာလ ၁ ရက်၊ နံနက်ပိုင်းမှစတင်ပြီး ပြည်သူလူထုကျန်းမာရေး တောင် တက်လမ်းလျှောက်ခြင်းနှင့် ဘုရားဖူးရာသီ စတင်သွားမှာဖြစ်ပါတယ်။ တောင်တက်လမ်းလျှောက် ရာသီကာလအတွင်း စနေ၊ တနင်္ဂနွေနေ့တို့တွင် တောင်တက်လမ်းလျှောက်သူများ အန္တရာယ်ကင်းစေရန် နံနက် ၅ နာရီ မှ ၉ နာရီအထိ တာဝန်ရှိသူများနှင့် တောင်ပေါ်ဘုန်းကြီးကျောင်းကားများမှအပ ကား၊ ဆိုင်ကယ်များ၊ စက်ဘီးများ မတက်ရန် သတ်မှတ်ထားပါတယ်။ တောင်တက်လမ်းလျှောက်ရာသီကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး မော်လမြိုင်မြို့အပါအဝင် ကျိုက်မ ရောမြို့၊ မုတ္တမမြို့နှင့် ဘီလူးကျွန်း အစရှိတဲ့ နေရာဒေသများအပြင် နေရာဒေသအနှံ့အပြားမှ ဘုရားဖူးဧည့်များ လာရောက် လည်ပတ်လေ့ရှိကြောင်း သိရပါတယ်။ (NVS-004)