“ဘန်တန်ကာ အတွက် အယူခံဝင်မယ့် စပါးအသင်း”

22 Nov

ကွင်းလယ်လူ ဘန်တန်ကာရဲ့ ၇ ပွဲပယ်ပြစ်ဒဏ်က ပြင်းထန်လွန်းတယ်ဆိုပြီး စပါးအသင်းဘက်က အယူခံဝင်ထားတယ်လို့ သိရပါတယ်။ အဆိုပါ ပစ်ဒဏ်ကြောင့် ဘန်တန်ကာ ဟာ မန်စီးတီး၊ လီဗာပူးလ်၊ ချဲလ်ဆီး တို့နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေအပြင် မန်ယူနဲ့ ကစားမယ့် လိဂ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေကိုပါ လွဲချော်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် စပါးအသင်းဘက်က ဘန်တန်ကာရဲ့ ပွဲပယ်ပြစ်ဒဏ်အပေါ် အယူခံဝင်ခဲ့တာဖြစ်ပြီး ပွဲပယ်ပြစ်ဒဏ် အရေအတွက် လျော့ချဖို့ မျှော်လင့်နေပါတယ်။ ဘန်တန်ကာ ကိုယ်တိုင် ကတော့ သူ့ရဲ့ပြောစကားအပေါ် တောင်းပန်မှု ပြုလုပ်ခဲ့ပြီး သူ့ရဲ့မှတ်ချက်စကားက အရမ်းကို ဆိုးရွားလွန်တဲ့ မှားယွင်းမှုဖြစ်ခဲ့တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ ဘန်တန်ကာအနေနဲ့ ၇ ပွဲပယ်ပြစ်ဒဏ်အပြင် ဒဏ်ကြေး ပေါင် ၁ သိန်းနဲ့ ပညာပေးအစီအစဉ်တွေမှာ ပါဝင်သွား ရမှာဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)

22 Nov

ADVERTISE HERE .