“ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းတိုးမယ့် လီဝန်ဒေါ့စကီး”

22 Nov

ဘာစီလိုနာအသင်းက တိုက်စစ်မှူး လီဝန်ဒေါ့စကီး ကို မကြာမီရက်ပိုင်းမှာ စာချုပ်သက်တမ်းတိုး ချုပ်ဆိုမယ်လို့ သိရပါတယ်။ အသက် ၃၆ နှစ်အရွယ် လီဝန်ဒေါ့စကီး ဟာ အသက်အရွယ်ပိုင်းအရ ကြီးရင့်နေပြီ ဖြစ်ပေမယ့် ခြေစွမ်းကျ ဆင်းခြင်းမရှိသေးဘဲ ဘာစီလိုနာအသင်းနှင့်အတူ ပုံမှန်ခြေစွမ်းပြသနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်း က လီဝန်ဒေါ့စကီး အသင်းမှာ ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ လီဝန်ဒေါ့စကီး ဟာ ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၁၁၂ ပွဲမှာ ၇၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ကာ ခြေစွမ်းကောင်းများ ပြသနေလျက်ရှိနေပါတယ်။ (NVS 008)

22 Nov

ADVERTISE HERE .