“ကိုဗစ်-၁၉ ကာလမှ စတင်ရပ်နားခဲ့တဲ့ ရေကျော်ပွဲဈေး ယခုနှစ်မှာ ၅ ရက်ကြာ ပြန်လည်ကျင်းပမယ်”

22 Nov

ကိုဗစ်-၁၉ ကာလမှ စတင်ရပ်နားထားခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်ရှိ နာမည်ကြီး ရေကျော်ပွဲဈေးကို နိုဝင်ဘာလ ၂၂ ရက်မှ ၂၆ ရက်အထိ ၅ ရက်ကြာ ပြန်လည်ကျင်းပသွားမယ်လို့ ၂၀၂၄ ခုနှစ်၊ ရေကျော် အမျိုးသားနေ့ပွဲတော်ကျင်းပရေးနှင့် ဆိုင်ခန်းနေရာချထားရေးကော်မတီနဲ့ ဒေသခံများထံမှ သိရပါတယ်။ ရေကျော်ပွဲဈေးကို အမျိုးသားနေ့နဲ့ တွဲပြီး ကျင်းပပြုလုပ်မှာဖြစ်ရာ ယခင်နှစ်တွေမှာတော့ သီတင်းကျွတ် ကာလမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရေကျော်ပွဲဈေးကို ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကာလကနေ ၂၀၂၃ ခုနှစ် အထိ ၄ နှစ်ကြာ ရပ်နားထားခဲ့ရပါတယ်။ ရေကျော်ပွဲဈေးဟာ လည်ပတ်သူများဖြင့် အလွန်စည်ကားတဲ့ ပွဲဈေးတစ်ခု ဖြစ်ပြီး လက်ရှိမှာ ပွဲဈေးတန်းအတွက် ဆိုင်ခန်းနေရာများကိုလည်း ထုံးစည်းများချထားကာ နံပါတ်အလိုက် ကြိုတင် ငှားရမ်းမှုများရှိနေကြောင်းနှင့် ပွဲတော်ကျင်းပနေချိန် ရေကျော်လမ်းတစ်ခုလုံးကို ယာယီပိတ်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)

22 Nov

ADVERTISE HERE .