အသည်းအဆီဖုံးခြင်း ရောဂါကို လျော့ကျစေမယ့် အကောင်းဆုံးအသီးတွေ

21 Nov

ဒီနေ့ည ၈နာရီမှာတော့ Novel Star Pageရဲ့ ကျန်းမာရေးကဏ္ဍကနေ အသည်းအဆီဖုံးခြင်း ရောဂါကို လျော့ကျစေမယ့် အကောင်းဆုံးအသီးတွေ အကြောင်းကို ပြောပြသွားမှာ ဖြစ်ပါတယ်။ အဆီတွေလျော့ပါးစေဖို့က သံပရာသီးကအကောင်းဆုံးဓာတ်စာပဲ ဖြစ်ပါတယ်။ ရေတစ်ဖန်ခွက်ထဲ သံပရာရည် ညှစ်ထည့်ပြီး နေ့တိုင်းသောက်ပေးတာက အသည်းမှာ စုနေတဲ့ အဆီတွေကို အမြန်ဆုံး ကျဆင်းစေပါတယ်။ သံပရာသီးက အဆိပ်အတောက် ဖယ်ရှားရာမှာ အစွမ်းထက်သလို ဗီတာမင် စီလည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ သံပရာသီးကြောင့် အစာခြေစနစ်ပိုကောင်းစေတဲ့အပြင် အသည်းကိုလည်း အကာအကွယ် ပေးနိုင်ပါတယ်။ သစ်တော်သီးမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အာဟာရဓာတ်တွေ အများကြီးပါဝင်တဲ့ အပြင် ချိုမြတဲ့ အရသာကြောင့် လူကိုလန်းဆန်းစေပါတယ်။ ရေဓာတ်ပါဝင်မှုများပြီး အမျှင်ဓာတ်ပါဝင်မှုများလို့ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဗီတာမင်စီအပြင် ဗီတာမင်ဘီအုပ်စုနဲ့ ဗီတာမင် အီးတို့ ပါဝင်ပါတယ်။ သွေးတွင်း ကိုလက်စထရောကိုကျစေပြီး အစာခြေစနစ်ကို ပုံမှန်ဖြစ်စေပါတယ်။ ဒီအချက် တွေကြောင့်ပဲ သစ်တော်သီးက အသည်းကို အကျိုးပြုနေတာဖြစ်ပြီး ပန်ကရိယနဲ့ အသည်းကို သန့်စင်စေပါတယ်။ ဟင်းချက်တဲ့အခါမှာ ထည့်ချက်နေကျ မန်ကျည်းသီးမှာ အစွမ်းသတ္တိတွေရှိနေတယ်ဆိုတာ သင်သိပါသလား။ မန်ကျည်းသီးဟာ အမျှင်ဓာတ်နဲ့ မပြည့်ဝဆီတွေပါဝင်မှုမြင့်မားလို့ အဆီကြောင့် သွေးကြောထူသွေးကြောကျဉ်းရောဂါ arteriosclerosis ကို ကုသရာမှာ အထောက်အကူ ပေးပါတယ်။ အစာအိမ်နဲ့အူလမ်းကြောင်းကို အညစ်အကြေး ဖယ်ရှားသန့်စင်ပေး နိုင်စွမ်းရှိလို့ အစာခြေစနစ်ကို ကောင်းစေပြီး အဆီတွေ ကျစေပါတယ်။ အဲဒီလို မန်ကျည်းသီးဟာ သွေးကို သန့်စင်စေပြီး ကိုလက်စထရောတွေကျစေတဲ့အပြင် အသည်းမှာဖုံးနေတဲ့ အဆီတွေကို လျော့ပါး စေနိုင်ပါတယ်။ စတော်ဘယ်ရီသီးတွေက အသည်းနဲ့ ခန္ဓာကိုယ်တွင်းကို သန့်စင်ပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ စတော်ဘယ်ရီမှာ အမျှင်ဓာတ်၊ဗီတာမင်စီနဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်လို့ ကိုယ်ခံအားကို ကောင်းမွန်စေပါတယ်။ သွေးတိုးကိုကျစေ ပြီး ယူရစ်အက်စစ်ကို လျော့ကျစေပါသေးတယ်။ ရေထဲမှာ စတော်ဘယ်ရီထည့်၊ သံပရာသီးလေးနည်းနည်းထည့်ပြီး သောက်ရင် detox အဖြစ် သောက်လို့ရပါတယ်။ ဖရဲသီးနဲ့ သင်္ဘောစေ့တို့က သဘာဝဆေးဖက်ဝင်ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒီနှစ်မျိုးကို ရောကြိတ် ဖျော်စပ်ထားတဲ့ အချိုရည်တစ်ခွက်ဟာ အသည်းကို သန့်စင်စေပြီး အသည်းမှာစုနေတဲ့ အဆီတွေကို လျော့ပါးစေနိုင်စွမ်းရှိပါတယ်။ တစ်နေ့တစ်ခွက် သောက်ခြင်းအားဖြင့် အသည်းအဆီဖုံးခြင်းကို သက်သာလျော့ပါးစေပါတယ်။ ဖရဲသီး အစိတ်သေး နှစ်စိတ်၊ ရေသန့်တစ်ခွက်၊သင်္ဘောစေ့နှစ်စေ့ကို ကြိတ်ပြီး ဖြည်းဖြည်းချင်းသောက်ပေးပါ။ (NVS 003)

21 Nov

ADVERTISE HERE .