ကုန်ဈေးနှုန်းသတင်း ၂၁.၁၁.၂၀၂၄
21 Novအောက်တိုဘာလ ၂၁ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ အနည်းငယ် ကျဆင်းလာပြီး ကုလားပဲနဲ့ အခြားပဲအများစုဈေးတွေကတော့ ဈေးငြိမ်နေပါ တယ်။ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီဈေးတွေ ဈေးငြိမ်နေသလို မန်ကျည်းသီး၊ ထန်းလျက်နဲ့ သကြားဈေးတွေလည်း ဈေးငြိမ်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၁၅,၆၁၇ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၂၈,၁၅၃ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၆,၀၃၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၂၇,၃၅၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၄၁၅ ကျပ်ကနေ ၆,၂၇၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၆၆၅ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၅၂၀ ကျပ်ကနေ ၁,၅၄၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၅,၃၃၀ ကျပ်ကနေ ၅,၆၇၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၆,၁၄၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၄၉၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၇၅၀ ကျပ်ကနေ ၇,၁၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၁၆၅ ကျပ်ကနေ ၇,၇၅၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၇,၃၃၀ ကျပ်ကနေ ၇,၇၅၀ ကျပ်၊ ငရုပ်(ပန်းရဲ) တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၆,၅၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၂,၁၀၀ ကျပ်ကနေ ၄,၃၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၁၂,၀၀၀ ကျပ်ကနေ ၁၅,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၂၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၁၂,၅၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၉,၂၀၀ ကျပ်ကနေ ၉,၅၀၀ ကျပ်၊ ပုစွန်ခြောက်(မြိတ်ပုစွန်) တစ်ပိဿာကို ၉၀,၀၀၀ ကျပ်ကနေ ၁၂၀,၀၀၀ ကျပ်၊ ငါးကျီးကြပ်တိုက် တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၉၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၇၃ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၉၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၄၅ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၀၁၀ ကျပ်၊ မန္တလေးမှာ ၃,၀၉၀ ကျပ်၊ နေပြည်တော်မှာ ၃,၀၆၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၂၀၀ ကျပ်၊ မန္တလေးမှာ ၃,၂၈၅ ကျပ်၊ နေပြည်တော်မှာ ၃,၂၆၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၆၅ ကျပ်၊ မန္တလေးမှာ ၂,၇၄၅ ကျပ်၊ နေပြည်တော်မှာ ၂,၇၂၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၃၁၀ ကျပ်၊ မန္တလေးမှာ ၃,၃၉၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၆၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၃၅၉,၂၆၀/-) ငါးဆယ် သုံးသိန်း ငါးသောင်း ကိုးထောင် နှစ်ရာ ခြောက်ဆယ် ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၂၀၀,၀၀၀ိ/-) ခြောက်ဆယ် နှစ်သိန်းကျပ် ရှိနေတယ်လို့ သိရပါတယ်။