“နည်းပြ ဂီလာဒီနိုကို ဂျီနိုအာအသင်း ထုတ်ပယ်”
21 Novအသင်းကို ၂ နှစ်ကြာ တာဝန်ယူလာခဲ့တဲ့ နည်းပြဂီလာဒီနိုကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ အီတလီ စီးရီးအေကလပ် ဂျီနိုအာအသင်းက အတည်ပြုလိုက်ပါတယ်။ ဂျီနိုအာအသင်းဟာ အခုရာသီ စီးရီးအေ ၁၂ ပွဲ ကစားအပြီးမှာ ရမှတ် ၁၀ မှတ်သာရထားပြီး တန်းဆင်းဇုန်နဲ့ ၁ မှတ်အကွာ အဆင့် ၁၇ ကိုရောက်နေတာကြောင့် နည်းပြ ဂီလာဒီနိုနဲ့ အခုလိုမျိုး လမ်းခွဲလိုက်တာဖြစ်ပါတယ်။ အသင်းနဲ့အတူ ရှိနေစဉ်အတွင်း အကောင်းဆုံးကြိုးစား ပေးခဲ့မှုတွေအတွက် နည်းပြဂီလာဒီနိုနဲ့ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေကို ကျေးဇူးတင်တယ်လို့ ဂျီနိုအာအသင်း ကြေညာချက်မှာ ရေးသားထားပါတယ်။ အခုလို ထုတ်ပယ်ခံလိုက်ရတဲ့အတွက် ဂီလာဒီနိုဟာ အခုရာသီ စီးရီးအေမှာ ၄ ယောက်မြောက် ထုတ်ပယ်ခံရတဲ့ နည်းပြ ဖြစ်လာခဲ့ပါတယ်။ အခုရာသီ စီးရီးအေမှာ ဒီရော့စီက ရိုးမားအသင်း နည်းပြအဖြစ်က ထုတ်ပယ်ခံထားရသလို နည်းပြဂေါ့တီကိုလည်း လက်ချီအသင်းက ထုတ်ပယ်ထားခဲ့တာ ဖြစ်ပါတယ်။ တတိယမြောက် ထုတ်ပယ်ခံလိုက်ရသူမှာ နည်းပြဂျူရစ်ဖြစ်ပြီး ရိုးမားအသင်းကနေ ထုတ်ပယ်လိုက်တာ ဖြစ်ပါတယ်။ ဂျီနိုအာ အသင်းအနေနဲ့ နည်းပြသစ်ကို အလျင်အမြန်ခန့်အပ်နိုင်ဖို့ ကြိုးစားနေပြီး သတင်းတွေအရ အာဆင်နယ်ကွင်းလယ်လူဟောင်း ပက်ထရစ် ဗီအဲရာ က နည်းပြသစ်ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ဂျီနိုအာအသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ကက်ဂလီယာရီအသင်းနဲ့ စီးရီးအေပွဲစဉ်ကို ကစားရဖို့ ရှိနေပါတယ်။ (NVS 008)