“ကစားသမားဘဝ ကနေ အနားယူတော့မယ်လို့ဆိုတဲ့ ရာဖေးလ်နာဒယ်"
21 Nov
တင်းနစ်လောကမှာ အောင်မြင်မှုအရှိဆုံးကစားတစ်ဦးဖြစ်တဲ့ စပိန်တင်းနစ်သမား ရာဖေးလ်နာဒယ် ဟာ ကစားသမားဘဝကနေ အနားယူတော့မယ်လို့ နိုဝင်ဘာလ ၂၀ ရက်မှာ အတည်ပြုပြောကြားခဲ့ပါတယ်။ နာဒယ် ဟာ ကစားသမားဘဝ နောက်ဆုံးပွဲစဉ်အဖြစ် Davis Cup ပြိုင်ပွဲမှာ စပိန်အသင်းအတွက် ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ စပိန်အသင်းက နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ တင်းနစ်သမိုင်းမှာ Big Three အဖြစ် သတ်မှတ်ခံထားရတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ နာဒယ် ဟာ ဂရင်းစလင်း ဆုဖလား ကို ၂၂ ကြိမ်အထိ ရယူထားနိုင်ခဲ့သလို အိုလံပစ်မှာ ရွှေတံဆိပ် ဆွတ်ခူးနိုင်သူ တစ်ဦးလည်းဖြစ်ပါတယ်။ (NVS 008)
21 Nov