“အနောက်အုပ်စု၏ ခြိမ်းခြောက်မှုများက အပေးအယူကြီးမားစေမည်”

21 Nov

အနောက်အုပ်စုက ယူကရိန်းကို တာဝေးပစ်ဒုံးကျည်တွေနှင့် ရုရှားနိုင်ငံအတွင်းပိုင်းအထိ တိုက်ခိုက်ရန် ခွင့်ပြုပေးလိုက်သည့် ခြိမ်းခြောက်မှုသည် အပေးအယူကြီးမားစေမည်ဟု ရုရှားထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ ဆာဂျီနာရီရှကင် က သတိပေးလိုက်ကြောင်း သိရသည်။ မကြာမီကာလက ရုရှားသမ္မတ၏ အတည်ပြုပြဋ္ဌာန်းလိုက် သည့် ရုရှားနိုင်ငံ၏နျူကလီးယား လက်နက်အသုံးပြုမှု မူဝါဒအသစ်သည် အနောက်အုပ်စုနှင့် ရုရှားတို့ ထိပ်တိုက် ရင်ဆိုင်လာရသည့်အခါ မလူးမလွန့်သာ ဖြစ်လာစေမည်ဟု ဆာဂျီနာရီ ရှကင် ကပြောထားသည်။ ထို့အပြင် အနောက်အုပ်စုက ယခုကဲ့သို့ ခွင့်ပြုပေးလိုက်သည့်အတွက်လည်း ရုရှားက လက်တုံ့ပြန်မှာဖြစ်ပြီး အဆိုပါ လက်တုံ့ပြန်မှုသည် နျူကလီးယားနှင့် လက်တုံ့ပြန်မှုသာ ဖြစ်လာနိုင်ကြောင်း ဆက်ပြောထား သည်။ ယူကရိန်းသမ္မတ ဇာလန်စကီးကလည်း ပြီးခဲ့သည့်လတွင် ၎င်း၏အောင်နိုင်ရေး အစီအစဉ်ကို အနောက် အုပ်စုကို တင်ပြခဲ့ပြီး အဆိုပါ အစီအစဉ်အောင်မြင်ရေးအတွက် အမေရိကန်မှ Tomahawk ဒုံးကျည်များကို ယူကရိန်း နယ်မြေအတွင်း ဖြန့်ကြက်ရန် တောင်းဆိုခဲ့သော်လည်း အမေရိကန်က ခွင့်မပြုခဲ့ကြောင်း RT သတင်း ဌာန ဖော်ပြချက်အရ သိရသည်။

21 Nov

ADVERTISE HERE .