“အမေရိကန်က ယူကရိန်းကို တားမြစ်မိုင်းများထောက်ပံ့ပေးသွားမည်”
21 Novမကြာမီ သမ္မတရာထူးသက်တမ်း ကုန်ဆုံးမည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ယူကရိန်းနိုင်ငံသို့ တားမြစ်ထားသည့် နင်းမိုင်းများကို ထောက်ပံ့ပေးသွားမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း အမည်မဖော်လိုသည့် အမေရိကန်တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို သတင်းဌာနများက ဖော်ပြခဲ့သည်။ ထိုကဲ့သို့ နင်းမိုင်းများကို ထောက်ပံ့ပေးခြင်းသည် ရုရှားတပ်ဖွဲ့များ၏တိုက်စစ်အဟုန်ကို ရပ်တန့်စေနိုင်မည်ဟု ပင်တဂွန်စစ်ဌာနချုပ်က ယုံကြည်ထားကြောင်း ဆိုထားသည်။ ယူကရိန်းအနေဖြင့်လည်း အဆိုပါမိုင်းများကို ယူကရိန်းနယ်မြေအတွင်း အမေရိကန်ဘက်မှ သတ်မှတ်ပေးထားသည့် နေရာများတွင်သာ အသုံးပြုသွားမည်ဖြစ်ကြောင်း Washington Post သတင်းစာတွင် ပထမဆုံးအကြိမ် ဖော်ပြခဲ့သည်။ အမေရိကန်သည် ယူကရိန်းကို အရင်က ရှေ့ထွက်မိုင်းများကို ထောက်ပံ့ပေးခဲ့ဖူးသည့်အပြင် ဒုံးကျည် များနှင့် အမြောက်ကျည်ဆန်များ အပါအဝင် ပဒေသာလက်နက်များကိုလည်း ထောက်ပံ့ပေးထားခဲ့သည်။ ထိုကဲ့သို့ သော လက်နက်များသည် ရေရှည်တွင် အရပ်သားများအပေါ် အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် အမေရိကန်၏ မဟာမိတ်နိုင်ငံအများစုက အဆိုပါ လက်နက်များအသုံးပြုမှုကို တားမြစ်ပိတ်ပင်ထားခြင်း ဖြစ်သည်။ ၂၀၂၀ ပြည့် နှစ်က အခြားနိုင်ငံများသို့ နင်းမိုင်းများ ထောက်ပံ့ပေးမှုကို တားမြစ်တဲ့ အိုဘားမား၏မူဝါဒကို ဆန့်ကျင်၍ ထရမ့်က ပြန်အသက်သွင်းစဉ် အဆင်အခြင်မဲ့လုပ်ရပ်ဖြစ်သည်ဟု ဂျိုးဘိုင်ဒင်က ပြောဆိုတိုက်ခိုက်ခဲ့ကြောင်း RT သတင်း ဌာနတွင် ဖော်ပြထားသည်။