"တရုတ်နိုင်ငံဘက်မှ ကုန်ပစ္စည်းများ တင်သွင်းခွင့်များကို ပြန်လည်ခွင့်ပြု"

21 Nov

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာရှိတဲ့ တရုတ်-မြန်မာနယ်စပ်ရှိ ဆင်ဖြူဂိတ်ကို တရုတ်ဘက်က နိုဝင်ဘာလ ၁၉ ရက်မှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ကုန်ပစ္စည်းတင်သွင်းခွင့်တွေကိုလည်း ပြန်လည်ခွင့်ပြု လိုက်တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံဘက်က ဂိတ်ပြန်ဖွင့်တယ်ဆိုပေမယ့် လတ်တလောမှာ အစားအသောက်တွေကိုသာ တစ်ပိုင် တစ်နိုင် သယ်ခွင့်ရပြီး တခြားကုန်စည်တွေကိုတော့ အကန့်အသတ်နဲ့သာ သယ်ခွင့်ရတယ်လို့ ဆိုပါတယ်။ မူဆယ်မြို့နဲ့ တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်နဲ့ မန့်ဝိန်းဂိတ် ၃ ဂိတ်ရှိတာ ဖြစ်ပါတယ်။ ဆင်ဖြူဂိတ်က ကုန်တွေကို ဆိုင်ကယ်၊ သုံးဘီးကားတွေနဲ့ သယ်ယူကြတာဖြစ်ပြီး မန့်ဝိန်းဂိတ်ကတော့ ကုန်ကားကြီးများနှင့် သယ်ယူပို့ဆောင်မှုပြုလုပ်တာ ဖြစ်ပါတယ်။ နန်းတော်ဂိတ်ကတော့ လူအဝင်အထွက် သီးသန့်သာ ပြုလုပ်ခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၁ ရက်ကစပြီး ဆင်ဖြူနယ်စပ်ဂိတ်ကနေ တစ်ပိုင်တစ်နိုင် ကုန်သယ်ယူခွင့်ကို တရုတ် နိုင်ငံ အစိုးရဘက်က ပိတ်လိုက်တာဖြစ်ပြီး တစ်ပတ်ကျော်အကြာ နိုဝင်ဘာလ ၁၉ ရက်မှာ တရုတ်နိုင်ငံဘက်က ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ (NVS 004)

21 Nov

ADVERTISE HERE .