တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူမှု ၆၃ ရာခိုင်နှုန်းကျော်ပြီးစီးနေပြီ

21 Nov

တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူမှုအနေနဲ့ နိုင်ငံ့လူဦးရေရဲ့ ၆၃ ရာခိုင်နှုန်းကျော်ပြီးစီးလာပြီး ယခုနှစ်ရဲ့ နှစ်ကုန်ပိုင်းမှာ အပြီးသတ်ကောက်ယူနိုင်ရန် ခန့်မှန်းထားကြောင်း နစကဥက္ကဋ္ဌက နိုဝင်ဘာလ ၁၉ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးမှာ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ နစကဥက္ကဋ္ဌ က ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံ့လူဦးရေ၏ ၆၃ ရာခိုင်နှုန်းကျော် ကောက်ယူနိုင်ခဲ့ပြီးဖြစ်ရာ ဆက်လက်ပြီး ကောက်ယူရန် ကျန်ရှိနေတဲ့နေရာများကို အတတ်နိုင်ဆုံး၊ အနီးစပ်ဆုံး အထိ ရရှိအောင် ဆက်လက်ကောက်ယူလျက်ရှိကြောင်း ယခုနှစ်ကုန်ပိုင်းမှာ အပြီးသတ်ကောက်ယူနိုင်မယ်လို့ ခန့်မှန်းထား ပါတယ်လို့ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ခံခြင်းကို အောက်တိုဘာ ၁ ရက်မှ စတင်ကာ စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂,၀၀၀ ဦးခန့်နဲ့ အိမ်ထောင်စုမေးခွန်းပုံစံအတွက်မေးခွန်း ၆၈ ခု ၊ အဖွဲ့အစည်း မေးခွန်းပုံစံအတွက်မေးခွန်း ၁၈ ခု တို့ကို မေးမြန်းကောက်ယူခဲ့တာ ဖြစ်ပါတယ်။ (NVS 004)

21 Nov

ADVERTISE HERE .