“မြန်မာနိုင်ငံသားများ ဥရောပပညာသင်ဆု လျှောက်ထားနိုင်”
21 Novမာစတာဒီဂရီရရှိသည်အထိ ဥရောပမှာ ပညာသင်ကြားနိုင်မည့် ပညာသင်ဆုကို မြန်မာနိုင်ငံမှ တက်ရောက်လို သူများအနေနဲ့ ပါဝင်လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂမှ အသိပေးကြေညာထားပါတယ်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် Erasmus Mundus Joint Master Degree (EMJMD) ရယူလိုပါက မိမိလျှောက်ထားလိုတဲ့ ဘာသာရပ်ပေါ်မူတည်ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း တင်သွင်းလျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပညာသင်ယူလိုသည့် ကျောင်းသားကျောင်းသူများ အနေဖြင့် နိုင်ငံတကာနှင့် ချိတ်ဆက်ပညာသင်ယူနိုင်မည့် အစီအစဥ်တစ်ခုဖြစ်သလို ဥရောပတွင်လည်း ဘာသာရပ်မျိုးစုံကို လေ့လာနိုင်မည့် အခွင့်အရေးရရှိနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ ဥရောပသမဂ္ဂမှ ရန်ပုံငွေပံ့ပိုးပေးထားသော အဆိုပါအစီအစဥ်မှာ နှစ်စဥ် လျှောက်ထားလာကြတဲ့ လျှောက်လွှာ များထဲမှ ထိပ်တန်းကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်ကာ ပညာသင်ဆုကို အပြည့်အဝထောက်ပံ့ ပေးလျက် ရှိတယ်လို့ သိရပါတယ်။ (NVS 008)