“အောင်ပန်းမြို့၌ ငရုတ် ကြက်သွန်နှင့်ချင်းသီးနှံကုန်စည်ပြပွဲ ကျင်းပမည်”

21 Nov

ရှမ်းပြည်နယ်တောင်ပိုင်း၌ စိုက်ပျိုးထွက်ရှိသည့် ငရုတ်၊ ကြက်သွန်နှင့် ချင်း သီးနှံကုန်စည်ပြပွဲကို ဒီဇင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် အောင်ပန်းမြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပြပွဲကို တောင်သူများအနေနဲ့ အစုအဖွဲ့လိုက် ရောင်းဝယ်တတ်စေရန်၊ ဈေးကွက်ကောင်းများရရှိစေရန် ရည်ရွယ်ပြီး ကလော၊ အောင်ပန်းနဲ့ ပင်းတယဒေသများက တောင်သူများအတွက် အဓိက ကျင်းပခြင်းဖြစ်ပါတယ်။ ပြပွဲမှာ ဝယ်ယူသူများအနေဖြင့် တောင်သူများနှင့်တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်မည့်အပြင် စိုက်ပျိုးသူများ အဆင်ပြေ စေရန် ပြပွဲကို ၁၅ ရက် လျှင်တစ်ကြိမ် ကျင်းပသွားမှာဖြစ်ပြီး တောင်သူဈေးနှင့်အတူ ပွဲရုံ၊ ကုန်သည်၊ ကုန်စည် ဒိုင်များ ဈေးကောင်းရရှိစေရန် အခြေခံဈေးနှုန်းများ သတ်မှတ်ဝယ်ယူပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် တောင်သူများအတွက် စိုက်ပျိုးနည်းပညာအပြင် ဒေသမျိုးသန့်မျိုးစေ့များ၊ ဆိုလာရေသွင်းစက်များ၊ မြေဩဇာများနှင့် စိုက်ပျိုးစရိတ်ကြိုတင်ထုတ်ပေးတဲ့ ဝန်ဆောင်မှုများကိုပါ တစ်နေရာတည်းမှာရရှိနိုင်ပြီး ပြည်တွင်း၊ ပြည်ပ ဈေးကွက်များနှင့်လည်း အလွယ်တကူ ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

21 Nov

ADVERTISE HERE .