“မန်ယူအသင်းနှင့် ပထမဆုံး လေ့ကျင့်ရေးစတင်ခဲ့ပြီ ဖြစ်တဲ့ အမိုရင်”
20 Nov
မန်ယူအသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့တဲ့ အမိုရင်ဟာ ဗီဇာရရှိပြီးနောက် နိုဝင်ဘာလ ၁၈ ရက်က အသင်းနဲ့အတူ လေ့ကျင့်ရေးကို ပထမဆုံးစတင်ပြုလုပ်ခဲ့ပါတယ်။ အမိုရင် က နည်းပြ တန်ဟတ် ထွက်ခွာပြီးနောက် မန်ယူအသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်ကတည်းက မန်ယူအသင်းကို ရောက်ရှိ နေခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ လေ့ကျင့်ရေးက နိုင်ငံပွဲစဉ်တွေ ကစားနေရချိန်မှာ ပြုလုပ်ခဲ့တာကြောင့် အသင်းရဲ့အဓိက ကစားသမား အများစု မပါဝင်နိုင်ခဲ့ကြပေမယ့် ရက်ဖို့ဒ် နဲ့ ကတ်စမဲရိုး တို့ ပါဝင်ခဲ့ကြပါတယ်။ မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို ခံခဲ့ရတာက ဂုဏ်ယူစရာဖြစ်သလို မန်ယူအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူရတော့မယ့်အပေါ် စိတ်လှုပ်ရှား မိတယ်လို့လည်း အမိုရင် က မန်ယူအသင်းနဲ့ ပထမဆုံးအင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။ အမိုရင် ဟာ မန်ယူအသင်း နည်းပြဘဝ ပထမဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာလ ၂၄ ရက်မှာ အစ်ဝှစ်ချ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စတင် တာဝန်ယူသွားရမှာ ဖြစ်ပါတယ်။ (NVS 008)