“၇ ပွဲပယ်ခံရတဲ့ စပါးကွင်းလယ်လူ ဘန်တန်ကာ”

20 Nov

စပါးအသင်းရဲ့ ဥရုဂွေးကွင်းလယ်လူ ဘန်တန်ကာကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)က ၇ ပွဲပယ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ တောင်ကိုရီးယားနိုင်ငံသားတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တဲ့ ဘန်တန်ကာ ရဲ့ စကားက လူမျိုးရေးခွဲခြားသလို ဖြစ်နေခဲ့တာကြောင့် အခုလို ပွဲပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။ ဘန်တန်ကာ ရဲ့ မှတ်ချက်ပေးစကားကို တောင်ကိုရီးယားနိုင်ငံသားတွေက ဝေဖန်ခဲ့ကြသလို အက်ဖ်အေ ကလည်း ဘန်တန်ကာ ဟာ နိုင်ငံတစ်နိုင်ငံအပေါ် ခွဲခြားတဲ့အသုံးအနှုန်းမျိုး အသုံးပြုပြောကြားခဲ့တာကြောင့် အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ တရားဝင်ကြေညာခဲ့တာဖြစ်ပါတယ်။ ၇ ပွဲပယ်ပြစ်ဒဏ်အပြင် ဒဏ်ကြေးငွေ ပေါင် ၁ သိန်းကိုလည်း ဘန်တန်ကာ က ပေးဆောင်သွားရမှာ ဖြစ်ပါတယ်။ ဘန်တန်ကာ ကျခံရမယ့် ၇ ပွဲပယ်ပြစ်ဒဏ်က အင်္ဂလန်ပြည်တွင်း ပြိုင်ပွဲတွေအတွက်သာ ဖြစ်တာကြောင့် ဥရောပပွဲစဉ်တွေကိုတော့ ကစားခွင့် ရရှိမှာ ဖြစ်ပါတယ်။ (NVS 008)

20 Nov

ADVERTISE HERE .