“စားအုန်းဆီ ၂ ပိဿာ ၇၅ ကျပ်သားကို ငွေကျပ် ၂၅,၀၀၀ နှုန်းနဲ့ ရန်ကုန်မြို့အတွင်း ဖုန်းဆက်မှာယူနိုင်”

20 Nov

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ စားအုန်းဆီ ၂ ပိဿာ ၇၅ ကျပ်သားကို ၂၅,၀၀၀ ကျပ်နဲ့ ဖုန်းဆက်မှာယူနိုင်တယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်လုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအနက် တိုက်ကြီး၊ လှည်းကူး၊ မှော်ဘီ၊ ထန်းတပင်၊ သန်လျင်၊ သုံးခွ၊ ကျောက်တန်း၊ ခရမ်း၊ တွံ့တေး၊ ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်များမှ မှာယူမည်ဆိုပါက စားအုန်းဆီ ၂ ပိဿာ ၇၅ ကျပ်သားကို ၂၅,၅၀၀ ကျပ်နဲ့ ဖုန်းနံပါတ် ၀၁-၄၇၀၅၅၆၆ သို့ ဖုန်းဆက်မှာယူနိုင်ပြီး ကျန်ရှိတဲ့မြို့နယ်များက စားအုန်းဆီ ၂ ပိဿာ ၇၅ ကျပ်သားကို ၂၅,၀၀၀ ကျပ်နှုန်းနဲ့ ဖုန်းနံပါတ် ၀၉-၄၇၀၆၇၂၂ သို့ ဆက်သွယ်မှာယူ နိုင်တယ်လို့ သိရပါတယ်။ လက်ရှိမှာ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီရဲ့ အပတ်စဉ် သတ်မှတ်ထုတ်ပြန်ပေးနေတဲ့ စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ ၇,၀၀၀ အထိ မြင့်တက် နေပါတယ်။ (NVS 003)

20 Nov

ADVERTISE HERE .