နေပြည်တော် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီတော် ဘက်စုံပြုပြင်မွမ်းမံဆောင်ရွက်သွားမည်

20 Nov

နေပြည်တော် သံဝေဇနိယလေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီတော် ဘက်စုံပြုပြင်မွမ်းမံမှုများ ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။ သံဝေဇနိယ လေးဌာန စေတီတော် ဘက်စုံပြုပြင်မွမ်းမံမှုများ ဆောင်ရွက်နိုင်ရေးအတွက် နိုဝင်ဘာလ ၁၇ ရက်က ဂေါပကအဖွဲ့ရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါ အစည်းအဝေးမှာ ဘက်စုံပြုပြင်မွမ်းမံမှုနှင့် စေတီတော်အားလုံးသို့ ရေရရှိရေးအတွက် ဆိုလာရေတင်စနစ်ဖြင့် အသုံးပြုရေး၊ အမြဲသန့်ရှင်းသာယာလှပရေးကို ဦးစားပေးဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ နေပြည်တော် သံဝေဇနိယ လေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) စေတီတော် ဘက်စုံပြုပြင်မွမ်းမံရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဂေါပကအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ (NVS 003)

20 Nov

ADVERTISE HERE .