Naypyitaw State Polytechnic University ကို လာမည့်ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်မည်

20 Nov

အင်ဂျင်နီယာဘာသာရပ်များအပြင် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာ ဘာသာရပ်များကိုပါ တိုးချဲ့သင်ကြားမည့် Naypyitaw State Polytechnic University ကို လာမည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မှာ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရပါတယ်။ အခုလိုစတင်ဖွင့်လှစ်နိုင်ရေးအတွက် သင်ထောက်ကူပစ္စည်းများ စီစဉ်ထားရှိမှုများကို လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် တို့က နိုဝင်ဘာလ ၁၈ ရက်က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြည်ထောင်စုဝန်ကြီးများက Naypyitaw State Polytechnic University ရှိ Theatre ခန်းများ၊ စာသင်ခန်းများ၊ ICT နည်းပညာများကို အသုံးပြု၍ LMS စနစ်ဖြင့် သင်ကြားသင်ယူမှုဆောင်ရွက်နိုင်မည့် အခြေအနေ၊ အလုပ်ရုံနှင့် ဘာသာရပ်ဌာနအလိုက် သင်ထောက်ကူပစ္စည်းများစီစဉ်ထားရှိမှုကို လှည့်လည်ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။ (NVS 003)

20 Nov

ADVERTISE HERE .