“ပုဂံခေတ် ဗိသုကာဆိုင်ရာကျွမ်းကျင်မှုနှင့် တိုးတက်ကောင်းမွန်သောတည်ဆောက်မှုကို လေ့လာနိုင်”

19 Nov

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း လေ့လာရေး ဘုရားဖူးလာရောက်ဖူး မြော်သူများအနေနဲ့ ပြဿဒ်ကြီးဘုရားရှိ ရပ်တော်မူနှင့် ထိုင်တော်မူဆင်းတုတော်တို့ကို ဖူးမြော်နိုင်သလို ပုဂံခေတ် အဆောက်အအုံ တည်ဆောက်ဖန်တီးသူများ၏ ဗိသုကာဆိုင်ရာကျွမ်းကျင်မှုနှင့် တိုးတက်ကောင်းမွန်သော တည် ဆောက်မှု ဗိသုကာပညာရပ်များကို လေ့လာနိုင်ကြောင်း သိရပါတယ်။ ပြဿဒ်ကြီးဘုရားကို ကျစွာမင်းကြီး က (၁၃)ရာစု အစောပိုင်းတွင် တည်ထားကိုးကွယ်ခဲ့ပြီး လိုဏ်နှစ်ဆင့်ခံ စေတီ ပေါက် ဂူဘုရားတစ်ဆူဖြစ်ကာ အလွန်ကြီးမားတဲ့ အံ့သြဖွယ်ရာကောင်းမွန်သော စေတီတော်ဖြစ်ပြီး ပုဂံမြို့၏ အရှေ့တောင်ဘက်တွင် တည်ရှိပါတယ်။ အဆိုပါပြဿဒ်ကြီးဘုရားအတွင်း ကြီးမားသော ရပ်တော်မူနှင့်ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ပေါင်းများစွာကို ကိုယ်နေဟန်ထား အမျိုးမျိုးဖြင့် ဖူးမြော်တွေ့ရှိ လေ့လာနိုင်ပါတယ်။ ဒါ့အပြင် စေတီပုထိုးများ၏ ကြီးမားခမ်းနားသော အခန်းများနှင့် ကျယ်ဝန်းသော စင်္ကြံလျှောက်လမ်းများ တည်ဆောက်ထားရှိမှုကို ကြည့်ခြင်းအားဖြင့် ပုဂံခေတ်အဆောက် အအုံ တည်ဆောက်ဖန်တီးသူများ၏ ဗိသုကာပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် တိုးတက်ကောင်းမွန်တဲ့ ဗိသုကာပညာရပ် များကို တွေ့မြင်သိရှိလေ့လာနိုင်ပါတယ်။ ပြဿဒ်ကြီးဘုရား၏ အရှေ့မြောက်ဘက်တွင် စောလှဝန်းဘုရား၊ မြောက်ဘက်တွင် ဆင်များရှင်အုတ်ကျောင်း တိုက်အစုအဝေး၊ အနောက်မြောက်ဘက်တွင် စူဠာမဏိဘုရား၊ အနောက်ဘက်တွင် ဓမ္မရံကြီးဘုရား၊ တောင်ဂူနီ၊ မြောက်ဂူနီဘုရားနှင့် အနောက်တောင်ဘက်တွင် ဓမ္မရာဇကဘုရားတို့ကိုလည်း တစ်စပ်တည်းဖူးမြော်နိုင်ကြောင်း သိရပါတယ်။ (NVS-004)

19 Nov

ADVERTISE HERE .