ကုန်ဈေးနှုန်းသတင်း ၁၉.၁၁.၂၀၂၄

19 Nov

အောက်တိုဘာလ ၁၉ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်မြင့်တက်နေပြီး ပဲတီစိမ်းနဲ့ ကြက်သွန်နီဈေးတွေကတော့ အနည်းငယ် တက်လာ ပါတယ်။ ပဲပုပ်ဈေး အနည်းငယ် ကျဆင်းလာပြီး အာလူးဈေးကတော့ ဆက်တိုက်မြင့်တက်နေပါတယ်။ ကြက်သွန်ဖြူ၊ ထန်းလျက်နဲ့ သကြားဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ မတ်ပဲ (FAQ/RC) တစ်တင်းကို ၁၁၆,၆၇၈ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်းကို ၁၂၉,၃၇၅ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၆,၀၃၀ ကျပ်ကနေ ၆,၀၇၅ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၂၃,၇၅၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၄၁၅ ကျပ်ကနေ ၆,၂၇၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၆၆၅ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၅၂၀ ကျပ်ကနေ ၁,၅၄၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၅,၆၇၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာ ကို ၆,၁၄၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၄၉၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၇၅၀ ကျပ်ကနေ ၇,၁၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၁၆၅ ကျပ်ကနေ ၇,၇၅၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်း‌ပေါ် (ဆီတိုး/အထွက်တိုး) တစ်ပိဿာ ကို ၇,၃၃၀ ကျပ်ကနေ ၇,၇၅၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၂,၅၀၀ ကျပ်ကနေ ၄,၃၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၁၂,၀၀၀ ကျပ်ကနေ ၁၅,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၂၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၁၂,၅၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၉,၅၀၀ ကျပ်၊ ငါးကျီးကြပ်တိုက် တစ်ပိဿာကို ၆၀,၀၀၀ ကျပ်ကနေ ၇၀,၀၀၀ ကျပ်၊ ငါးနှပ်ချို တစ်ပိဿာကို ၁၂,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၆၆ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၅၃၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၇၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၀၁၀ ကျပ်၊ မန္တလေးမှာ ၃,၀၉၀ ကျပ်၊ နေပြည်တော်မှာ ၃,၀၆၅ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၂၀၀ ကျပ်၊ မန္တလေးမှာ ၃,၂၈၅ ကျပ်၊ နေပြည်တော်မှာ ၃,၂၆၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၆၅ ကျပ်၊ မန္တလေးမှာ ၂,၇၄၅ ကျပ်၊ နေပြည်တော်မှာ ၂,၇၂၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၃၁၀ ကျပ်၊ မန္တလေးမှာ ၃,၃၉၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၆၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၂၈၀,၀၂၉/-) ငါးဆယ် နှစ်သိန်း ရှစ်သောင်း နှစ်ဆယ် ကိုးကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၁၂၀,၀၀၀ိ/-) ခြောက်ဆယ် တစ်သိန်း နှစ်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

19 Nov

ADVERTISE HERE .