“မြန်မာနှင့် လက်ဘနွန်အသင်းတို့ ပွဲစဉ်ကို အခမဲ့ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်”

19 Nov

မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်လက်ရွေးစင်အသင်းတို့ရဲ့ ခြေစမ်းပွဲအတွက် လက်မှတ်များ ရောင်းချနေလျက်ရှိသလို ရုပ်သံလိုင်းများမှလည်း တိုက်ရိုက်ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်လက်ရွေးစင်အသင်းသည် နိုဝင်ဘာလ ၁၉ ရက် ညနေ ၅ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ဖီဖာအသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲအဖြစ် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)က ယင်းခြေစမ်းပွဲအတွက် ကွင်းဝင်ကြေးလက်မှတ်များကို အထူးတန်း ကျပ် ၅,၀၀၀၊ ရိုးရိုးတန်း ကျပ် ၂,၀၀၀ သတ်မှတ်ကာ သုဝဏ္ဏကွင်းရှိ ဂိတ်ပေါက်များမှာ ရောင်းချပေးနေကြောင်း သိရပါတယ်။ ဒါ့အပြင် မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်လက်ရွေးစင်အသင်းတို့ရဲ့ ခြေစမ်းပွဲကို အခမဲ့ရုပ်သံလိုင်း ဖြစ်တဲ့ Channel 7 နှင့် Pyone Play Sports YouTube Channel များမှလည်း တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

19 Nov

ADVERTISE HERE .