“အေတီပီဖိုင်နယ် ချန်ပီယံဆုရရှိတဲ့ ပထမဆုံးအီတလီနိုင်ငံသားအဖြစ် ဆင်နာ မှတ်တမ်းဝင်”

19 Nov

ကမ္ဘာ့အဆင့် (၁) အီတလီတင်းနစ်သမား ဆင်နာ ဟာ ရာသီပိတ်ပွဲစဉ်ဖြစ်တဲ့ အေတီပီဖိုင်နယ် ချန်ပီယံဆုကို ရရှိတဲ့ ပထမဆုံးအီတလီနိုင်ငံသားအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ ဆင်နာ ဟာ အမေရိကန် နိုင်ငံသား ဖရက်ဇ် နဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ၆-၄၊၆-၄ ဆိုတဲ့ ရလဒ်နဲ့အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အခုနိုင်ပွဲဟာ ၂၀၂၄ ခုနှစ်အတွင်း ဆင်နာ အတွက် နိုင်ပွဲ ၇၀ ပြည့် ပွဲစဉ်ဖြစ်ခဲ့သလို ၁၉၈၆ နောက်ပိုင်း အေတီပီ ဖိုင်နယ်ပွဲစဉ်မှာ ပွဲလတ်တစ်ပွဲမှ မရှုံးဘဲ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ပထမဆုံးတင်းနစ်သမားလည်း ဖြစ်ခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ဆင်နာ ဟာ အခု ၂၀၂၄ ခုနှစ်အတွင်းမှာ အကောင်းဆုံးလက်စွမ်းကို ပြသနိုင်ခဲ့ပြီး ဂရင်းစလမ် ချန်ပီယံဆု ၂ ခုကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဆင်နာ ဟာ ဖရက်ဇ် ကို လက်စွမ်းအသာစီးနဲ့ အနိုင်ယူ ခဲ့တာဖြစ်ပြီး ဖရက်ဇ် အတွက်တော့ အခုနှစ်ယူအက်စ်အိုးပင်း ဗိုလ်လုပွဲမှာ ဆင်နာကို ရှုံးနိမ့်ခဲ့ရသလို အခုဗိုလ်လုပွဲမှာ ထပ်မံရှုံးနိမ့်မှုနဲ့ ရင်ဆိုင်လိုက်ရတာဖြစ်ပါတယ်။ (NVS 008)

19 Nov

ADVERTISE HERE .