“ရာဖင်ဟာ ကို ယူရိုသန်း ၉၀ နဲ့ ခေါ်ယူရန် အာဆင်နယ်အသင်း ကြိုးပမ်း”

19 Nov

အာဆင်နယ်အသင်းသည် ဘာစီလိုနာအသင်း တောင်ပံကစားသမား ရာဖင်ဟာ အား ယူရို သန်း ၉၀ ဖြင့် ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိ တောင်ပံကစားသမား ရာဖင်ဟာ အနေနဲ့ ဘာစီလိုနာအသင်းနဲ့အတူ ၂၀၂၂-၂၀၂၃ ရာသီမှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁၀၄ ပွဲကစားပြီး ၃၂ ဂိုးသွင်းယူကာ ခြေစွမ်းပြသနိုင်ခဲ့လို့ အာဆင်နယ်အသင်းက ခေါ်ယူရန် ကြိုးပမ်းလာခြင်းဖြစ်ပါတယ်။ ရာဖင်ဟာ ကလည်း ဘာစီလိုနာအသင်းနဲ့ စာချုပ်ကိစ္စအဆင်မပြေဖြစ်နေလို့ အသင်းမှ ထွက်ခွာဖွယ် ရှိနေပါတယ်။ ဒါ့ကြောင့် အာဆင်နယ်အသင်းက ရာဖင်ဟာ ကို လာမည့်ဆောင်းရာသီဈေးကွက်တွင် ခေါ်ယူသွားနိုင် မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ (NVS 008)

19 Nov

ADVERTISE HERE .