“တရုတ်သမ္မတနှင့် ဗြိတိန်ဝန်ကြီးချုပ်တို့ ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး”

19 Nov

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဗြိတိန်ဝန်ကြီးချုပ် ကီယာစတားမာ တို့က နိုဝင်ဘာလ ၁၈ ရက်တွင် ဘရာဇီး နိုင်ငံ ရီယိုဒီ ဂျနေရိုးမြို့၌ဆောင်ရွက်နေသော G-20 ထိပ်သီးအစည်းအဝေး၏ဘေးပန်းတွေ့ဆုံမှုတွင် ဆွေးနွေး ကြောင်း သိရသည်။ ယခုကဲ့သို့ တရုတ်သမ္မတနှင့်ဗြိတိန်ဝန်ကြီးချုပ်တို့၏ တွေ့ဆုံဆွေးနွေးမှုသည် ပြီးခဲ့သည့် ခြောက်နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။ ထိုသို့ တွေ့ဆုံစဉ် တရုတ်နိုင်ငံနှင့်ဗြိတိန်နိုင်ငံတို့က နယ်ပယ်အများအပြားတွင် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင် လျက်ရှိသည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင် က ပြောသည်။ ထို့ပြင် တရုတ်နိုင်ငံနှင့်ဗြိတိန်နိုင်ငံတို့သည် နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်စွဲကိုင်ထားကာ တရုတ်-ဗြိတိန်ဆက်ဆံရေးအတွက် အခွင့်အလမ်းအသစ်များကိုလည်း ဖွင့်လှစ်ထား သင့်ကြောင်း ရှီကျင့်ဖျင်က ဆက်ပြောသည်။ ထို့အတူ တရုတ်နိုင်ငံနှင့်ဗြိတိန်နိုင်ငံတို့အနေဖြင့် တစ်နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်မှုအပေါ် ကျန်တစ်နိုင်ငံက စိတ်ထားမှန်မှန်ဖြင့် ဓမ္မဓိဋ္ဌာန်ကျကျ ရှုမြင်သင့်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေး တွင် တည်ငြိမ်မှုရှိသော၊ ခိုင်မာအားကောင်းသော၊ ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေါ်လာစေရေး အတွက် မဟာဗျူဟာမြောက်ဆက်သွယ်မှုနှင့်နိုင်ငံရေးတွင် နက်ရှိုင်းစွာ အပြန်အလှန်ယုံကြည်ရေးတို့ကို တိုးမြှင့် ဆောင်ရွက်သွားသင့်ကြောင်း ရှီကျင့်ဖျင်က ပြောသည်။ ရှီကျင့်ဖျင်သည် G-20 ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် အခြားနိုင်ငံ့ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းဌာန တွင် ဖော်ပြထားသည်။

19 Nov

ADVERTISE HERE .