“UID နံပါတ်အတုလုပ်သူများကို ဖော်ထုတ်အရေးယူမည်”
19 Novလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားတစ်ဦးချင်းစီအတွက် ထုတ်ပေးလျက်ရှိတဲ့ UID (Unique Identification Number) များကို နံပါတ်အတုများ အသုံးပြု၍ နိုင်ငံကူးလက်မှတ်လျှောက် ထားမှုများကို ဖော်ထုတ်အရေးယူသွားမည်ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ UID နံပါတ်က နိုင်ငံသားများရဲ့ ကိုယ်ရေးအချက်အလက်များနှင့် ဇီဝဆိုင်ရာအချက်အလက်များကို အခြေခံ ထားတဲ့ ဂဏန်း ၁၀ လုံးပါ သီးသန့်နံပါတ်ဖြစ်ပြီး၊ လက်ရှိမှာ သက်ဆိုင်ရာလဝကမြို့နယ်ရုံးများနှင့် Mobile Team များမှ အခမဲ့ထုတ်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ အချို့ပြည်သူများက ကြားပွဲစားများမှတစ်ဆင့် UID နံပါတ်အတုများ ရယူအသုံးပြုနေကြောင်း တွေ့ရှိရတာကြောင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများ၊ အပြည်ပြည်ဆိုင်ရာလေဆိပ်/ရေဆိပ်နှင့် နယ်စပ်ဂိတ်များမှာ စစ်ဆေး ဖော်ထုတ်အရေးယူလျက်ရှိကြောင်း သိရပါတယ်။ ဒါကြောင့် UID နံပါတ်ရယူလိုသူများအနေနဲ့ သက်ဆိုင်ရာလဝကမြို့နယ်ရုံးများသို့ ကိုယ်တိုင်သွားရောက် ဆောင်ရွက်ရမည်ဖြစ်ပြီး၊ UID နံပါတ်အတုများ အသုံးပြုပါက ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း သတိပေးထား ပါတယ်။ ဒါ့အပြင် UID နံပါတ်ရယူရာမှာ အခက်အခဲများရှိခြင်း၊ ငွေကြေးတောင်းခံခြင်းများရှိပါက အီလက်ထရောနစ် မှတ်ပုံတင်စနစ်ဦးစီးဌာနရဲ့ Facebook စာမျက်နှာမှတစ်ဆင့် တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ (NVS 003)