“မလေးရှားသို့ မြန်မာ့ထောပတ်သီး အေးခဲအနှစ်များ တင်ပို့နိုင်ရန် သဘောတူညီမှုရရှိထား”
19 Novမြန်မာ့ထောပတ်သီးကို တန်ဖိုးမြင့်ထုတ်ကုန်ပြုလုပ်ထားတဲ့ အေးခဲအနှစ်များကို မလေးရှားနိုင်ငံသို့ တင်ပို့ရန် သဘောတူညီမှုရရှိထားပြီဖြစ်တယ်လို့ မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ကနေ သိရပါတယ်။ လက်ရှိမှာ အေးခဲထောပတ်သီးအနှစ်များကို တင်ပို့ရန်စီစဉ်နေပြီး မလေးရှားနိုင်ငံသို့ နမူနာပေးပို့ခဲ့ရာ ဝယ်ယူ မည့် လုပ်ငန်းစဉ်များဆောင်ရွက်မှု ၉၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်တာကြောင့် ဈေးနှုန်းညှိနှိုင်းရန်အဆင့်သာ ကျန်ရှိတော့ တာဖြစ်ပါတယ်။ ထောပတ်သီးအနှစ်များ တင်ပို့နိုင်ပါက ထောပတ်သီးစိုက်ပျိုးထုတ်လုပ်သော အကျိုးအမြတ်များစွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ထောပတ်သီးစိုက်ပျိုး တောင်သူများအနေနဲ့ Export စံချိန်မီတဲ့ အသီးများကို အလုံးအတိုင်း တင်ပို့နိုင်မှာ ဖြစ်သလို စံချိန်မမီတဲ့ အသီးများကို ယခုလိုအေးခဲအနှစ်ပြုလုပ်ကာ တင်ပို့ခြင်းအားဖြင့် ဈေးကောင်းများရရှိပြီး အလေ့အလွင့်မရှိဘဲ အကျိုးကျေးဇူးများရရှိစေမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ထောပတ်သီးကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့မှာ အများဆုံးစိုက်ပျိုးလေ့ ရှိပါတယ်။ (NVS 008)