“ရွှေတိဂုံစေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေစင်ရွှေပြားသင်္ကန်းတော်များ လှည့်လည်ပူဇော်ပွဲ အခမ်းအနားကျင်းပ”
19 Novရွှေတိဂုံစေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေစင်ရွှေပြားသင်္ကန်းတော်များ စတင်ကပ်လှူ ပူဇော်ခြင်းနှင့် ရွှေပြားသင်္ကန်းတော်များ လှည့်လည်ပူဇော်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၈ ရက်နံနက်ပိုင်းက ရွှေတိဂုံစေတီတော် ရင်ပြင်ရှိ သတ်မှတ်နေရာအသီးသီးမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ယခု ၂၀၂၄-၂၀၂၅ ခုနှစ် ရွှေသင်္ကန်းတော်ကပ်လှူခြင်းလုပ်ငန်းကို ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ဩဝါဒခံယူခဲ့ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်မှုနဲ့ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁၉ ရက်မှစတင်ကာ ဝါးငြမ်းထိုးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး ယခုအခါ ရွှေပြားသင်္ကန်းတော်များ စတင်ကာ ကပ်လှူပူဇော်သွားမည်ဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ ရွှေစင် ၆ ကျပ်သား ၄၆၇ ချပ်၊ ရွှေစင် ၁ ကျပ်သား ၄,၂၇၂ ချပ် စုစုပေါင်း ၄,၇၃၉ ချပ် အလှူရရှိထားပြီး ရထားပျံပေါ်သို့ အလှူရှင်များကိုယ်တိုင် တင်လှူပူဇော်နိုင်ရန် ဆောင်ရွက် ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)