၂ဝ၂၄ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတင်ဖွင့်လှစ်
19 Novနိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိစေမည့် ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲအား နိုဝင်ဘာလ ၁၈ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမမှာ စတင်ဖွင့်လှစ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ် ပေးခဲ့ပါတယ်။ အဆိုပါကျောက်မျက်ပွဲကို နိုဝင်ဘာလ ၁၈ ရက်မှ ၂၇ ရက်အထိ ၁၀ ရက်ကြာ ကျင်းပမှာဖြစ်ပြီး ပုလဲအတွဲပေါင်း ၂၈၀ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄,၈၀၀ တို့ကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန် ရည်ရွယ်၍ ရောင်းချရာမှာ အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်၊ ဘတ်၊ မြန်မာကျပ်ငွေနှင့် ဗဟိုဘဏ်က လက်ခံတဲ့ နိုင်ငံခြားငွေအမျိုးအစားများဖြင့် စည်းမျည်းစည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမှာ ဖြစ်ကာ ပြပွဲသို့ ပြည်တွင်း၊ ပြည်ပမှ ကျောက်မျက်လုပ်ငန်းရှင် ၄,၅၀၀ ဦးကျော် လာရောက်ကြည့်ရှုလေ့လာခဲ့တယ်လို့ သိရပါတယ်။ (NVS 003)